//ပစ်ပယ်ပစ်စမ်းပါလေ..မင်းရဲ့စိတ်လေး သက်သာလိုသက်သာငြားပေါ့//
အိမ်ကနေထွက်လာပြီးမှ ဖြိုးဖြိုးဖြောက်ဖြောက်ကျလာသည့် မိုးဖွဲများကိုပင် ဟယ်ရီစိတ်ဆိုးမိ၏။ဟုတ်တော့လည်းဟုတ်ပါသည်၊သူထွက်မလာခင်တုန်းကတော့ နေသာနေသေးသည်လေ။ဒါကြောင့်မို့လည်း ဟယ်ရီ ထီးလည်းယူမလာမိစွာ၊
စီးလာသည့်ဖိနပ်ကလည်း ကတ္တီပါနီညိုဖျော့ရောင်ဖြစ်နေသည်။သည်ကနေ့မှ စိတ်ကူးပေါက်ပြီးဝတ်လာမိသည်ကလည်း ယောပုဆိုးနှင့်ခရမ်းဖျော့ရောင် အင်္ကျီလက်တို။
"မသိရင် ဘုန်းကြီးကျောင်းသွားမဲ့ပုံစံနဲ့"
ဟယ်ရီဟာ သူ့ကိုယ်သူ မအီမသာလေးရေရွတ်မိနေ၏။မိုးပေါက်ကျလို့သာပင် တော်ကာကျရော့မည်။မိုးသာရွာချလာလျှင် ကတ္တီပါဖိနပ်နှင့် ချော်လဲမှာတော့ ဟယ်ရီမြင်ယောင်မိပါသေးသည်။
ထီးလည်းပါမလာတော့ ပုဆိုးခြုံကာ အိမ်ကိုပင်ပြန်ပြေးရတော့မလိုလို။လမ်းဘေးမှာတစ်ယောက် တည်းရပ်နေရင်း ပြန်ပဲလှည့်ရမလို၊ဆက်ပြီးပဲ သွားရမလိုနှင့် ဟယ်ရီ,ဗျာများနေရတော့သည်။
"မထူးပါဘူး နီးနီးလေးပဲ..ဆက်သွားလိုက်ရင် မိုးမိမှာတော့မဟုတ်လောက်ဘူး"
ဟယ်ရီ့၏ အခြေအနေကိုစောင့်ကြည့်နေသော ပိုင်စိုးကမူ ထိုမှသာ အသံတိတ်ဖြင့် ဆက်လိုက်ရ၏။ဟယ်ရီသည် သူ့အနောက်သို့လိုက်လာသော ပိုင်စိုးကိုပင် သတိထားမိပေ။ဦးထုပ်လျှာထိုးအနက်ရောင် အား ငိုက်စိုက်စောင်းထား၍ ဟူဒီအနက်၊ဂျင်းဘောင်းဘီအနက်နှင့်ဖြစ်သော ပိုင်စိုးသည် တစ်ကိုယ်လုံး အနက်ချည်းသာဖြစ်နေတော့သည်။
လက်၌ချိတ်ထားသော ဂေါက်ထီးလိမ္မော်ရောင်ကတော့ တစ်ခုတည်းသော အရောင်ကွဲပင်ဖြစ်ပါသည်။ဟယ်ရီက ကားလည်းယူမလာဘဲ လမ်းလျှောက်သွား နေတယ်ဆိုကတည်းက နီးနီးလေးမှန်း ပိုင်စိုးသိသည်။ဟယ်ရီ ဝင်သွားသည့်ဆိုင် ကိုကြည့်မိတော့မှ ပိုင်စိုးပြုံးလိုက်နိုင်၏။
ထိုဆိုင်က ဟယ်ရီ့ကို သူ,ချိုချိုသာသာချဉ်းကပ်ပြီး ပထမဆုံးလိုက်ခဲ့သည့်ဆိုင်။ဟယ်ရီက နာရီအစား လက်ပတ်တွေကိုသာ ပိုကြိုက်သည့်သူ။ပြီးတော့ အရောင်တွေနှင့်ပတ်သက်ပြီး အမြဲတမ်း ဝေခွဲရခက်နေတတ်သည့်သူ။
![](https://img.wattpad.com/cover/351642930-288-k961383.jpg)
BINABASA MO ANG
A Forgotten Love(Book Ver)
RomanceAFLရဲ့ Book versionပါ။စာအုပ်ဖြစ်တဲ့အတွက် စာတွေပြင်ထားပါတယ်။