Chapter-29

153 12 0
                                    

//ချစ်ခြင်းမေတ္တာဟာ အချိန်၊နေရာမရွေးဘဲ
မင်းအနောက်ကို လိုက်လာနေမှာပါ ဟန်နီ//

အရှေ့ဆံပင်ရှည်တို့ကို ကြက်တောင်စည်းစုစည်းထားပြီး ရွှေတောင်ခေါက်ဆွဲကို ငရုတ်သီးစိမ်း တကိုက်ကိုက်ဖြင့်စားနေသည့် ပိုင်စိုးကို အမေဖြစ်သူက ခပ်ပြုံးပြုံးသာထိုင်ကြည့်နေရှာသည်။စိုးစံမှာ ကြောင်အအထိုင်ကြည့်နေမိပြီး ခေါက်ဆွဲတို့ကိုလည်း ထိပင်မထိရသေးချေ။အဘိုးနှင့်အဖေဖြစ်သူတို့ကတော့ စိုက်ခင်းခြံအကြောင်းများ ပြောနေရင်း သူတို့အာရုံနှင့်သူတို့ ရှိနေကြသည်။

"မေမေ..မေမေ့သားလေး စိတ်ရောမှန်သေးရဲ့လား။သူ့ပုံစံကိုလည်းကြည့်ပါဦး၊တကယ် တစ်ခုခုပဲ"

"ဟေ့ကောင် စိုးစံ..ငါမရူးဘူးကွ"

"ဘယ်အရူးက ငါအရူးပါတယ်ဆိုပြီး ပြောနေလို့လဲ"

"မင်းနော်..ငါလည်ပင်းညှစ်သတ်မှာ"

"ပိုင်လေး ကိုယ့်အစ်ကိုကို အဲ့လိုမပြောရဘူးလေ"

အမေက ဟန့်တားတော့ ပိုင့်မျက်နှာစူပုပ်ပုပ်ဖြင့် ခေါက်ဆွဲကိုသာ ဆက်စားရှာ၏။သူကျေနပ်သည်တော့လည်း မဟုတ်ပါ။

မိနစ်အနည်းငယ်မျှကြာပါက စိုးစံမှာ ခင်ထူးမွန်နှင့်ချိန်းထားသည်ဆိုကာ အိမ်မှထွက်သွားပြီဖြစ်သည်။ကံကြမ္မာက စီမံပေးလိုက်ပုံများ တည့်တည့် ကိုတိုးချင်တော့ ပြေသုအမရာနှင့် မင်းပိုင်စိုးစံတို့မှာ တန်းတိုးတော့၏။

ခင်၏လက်ကိုတွဲထားဆဲသူသည် ထိုအမျိုးသမီးရှေ့မှ ရှောင်ဖယ်ရန် ကြံရွယ်ရာ၌ ပြေသုကတားလာ၏။

"မသွားပါနဲ့ဦး..စိုးစံ..ငါ စကားခဏလောက်ပြောချင်လို့"

"ငါ့မှာ မင်းနဲ့ပြောစရာမရှိဘူး ပြေသု။ငါ့ကို ခင်,အထင်လွဲသွားတာမျိုး၊စိတ်ကွက်သွား မှာမျိုးကို မဖြစ်စေချင်ဘူး..ဆင်ခြင်ပေးပါ၊ပြီးတော့.."

စိုးစံက စကားကိုရပ်လိုက်ပြီး ပြေသုကိုကြည့်လာ၏။

"ငါ့ညီရှေ့မှာလည်း ထပ်ပေါ်မလာနဲ့။ဟယ်ရီ့ကိုလည်း ဒုက္ခမပေးနဲ့။သူတို့နှစ်ယောက်လုံး မင်းကြောင့်နဲ့..ထပ်ပြီး တစ်ခုခုဖြစ်လာရင် ငါ့နဲ့ ထိပ်တိုက်တွေ့မယ်မှတ်ပါ"

A Forgotten Love(Book Ver)Where stories live. Discover now