Chapter-32

130 7 0
                                    

//မင်းရဲ့ဓာတ်ပုံကိုလည်း ငါတွေ့ရတယ်။
မင်းအသံလေးလည်း ငါကြားရတယ်။
မင်းကိုပွေ့ဖက်ထားခွင့်တော့ ငါ့မှာမရှိခဲ့တာ..//

ဟယ်ရီသည် အိပ်ရာနိုးလာတိုင်း သူ့အား သူ့အခန်းအတွင်းမှ ပိုင့်ပုံများဟာ စီးကြိုနေခဲ့သည်။အိပ်ခန်းအတွင်းထဲ နံရံမှအစ၊မျက်နှာကြက်များအဆုံး ပိုင့်ပုံများနှင့်သာ ရှိနေခဲ့၏။သူဟာ ဒါတွေနှင့်ပဲ သည်လို အလွမ်းဖြေခဲ့ရတာပါ။

လိုက်ကာကြားမှ တိုးဝင်လာသော နေရောင်ခြည် ကြောင့် ဟယ်ရီက ထထိုင်လိုက်ပြီး၊ ဖုန်းကိုယူကြည့်လိုက်ချိန် စိုးစံက ပိုင့်ဓာတ်ပုံများကိုပင် ပို့ပေးထားခဲ့သည်ကို တွေ့ရ၏။

ပိုင်ဟာ သိသိသာသာပိန်ကျသွားပြီး၊နှုတ်ခမ်းပါးက ပြုံးနေသော်လည်း မျက်နှာလေးကတော့ နွမ်းလျနေခဲ့သည်။ဟယ်ရီသည် ငေးငိုင်ကြည့်နေမိပြီး၊သူ့ရင်ထဲ၌ လေးပင်သောခံစားချက်တစ်ရပ်ကိုသာလက်ခံရယူနေခဲ့ရ၏။

စိုးစံနှင့်အဆက်အသွယ်လုပ်ဖြစ်ကြတိုင်း ဟယ်ရီပထဦးဆုံး မေးတတ်သည်က ပိုင့်သတင်းသာဖြစ်ပါ၏။

"ပိုင်လေးလား နေကောင်းပါတယ်။အရင်လိုပဲ အလုပ်များတော့ ပိန်ကျသွားတာပါ။ထမင်းလည်း ကောင်းကောင်းစားတယ်။အိပ်လွန်းလို့ မေမေဆို မနည်းနှိုး ယူရတယ်လေ။အပြင်တွေလည်း သွားပါတယ်။သူအဆင်ပြေပါတယ် ဟယ်ရီ။ကျန်းမာရေးလည်းကောင်းတယ် ဟယ်ရီစိတ်မပူနဲ့နော် "

ဟယ်ရီကမေးတိုင်းလည်း ထို့သို့သာ စိုးစံဆီမှ ထိုအဖြေများကိုသာ ထပ်ခါတလဲလဲ ရရှိခဲ့သည်။

ဟယ်ရီသည် ဓာတ်ပုံနှင့်အတူတူ စိုးစံပို့ပေးထားသော အသံဖိုင်ကိုပင် ဖွင့်နားထောင်မိလိုက်ချိန် သူ့ပခုံးစွန်းများ တုန်ယင်လှုပ်ရှားလာသည်အထိ၊သူခေါင်းကို ငိုက်စိုက်ချထားမိပြီး ရှိုက်သံများထွက်လာသည်အထိ နင့်နဲစွာ သူငိုမိပါတော့၏။

"ကျေး..ကျေးဇူး..ဟယ်ရီ"

ပိုင့်အသံသည် တိုးညင်းနေပြီး၊နွမ်းလျသူတစ်ယောက်ပမာ ရှိနေသည်ကို ဟယ်ရီသိ၏။တိုးတောင်းသော စကားရပ်ဖြစ်နေပေမင့်လို့ ပိုင်သည် အားယူပြောလိုက်ရခြင်း သာဖြစ်ကြောင်း သေချာနေခဲ့သည်။ပိုင်နေကောင်းပါသည်ဆိုသော စိုးစံ၏စကားရပ် များကိုပင် ဟယ်ရီ မယုံချင်တော့စွာ၊ပိန်ကျသွားသော မျက်နှာကလေးနှင့် တိုးညင်းနေသော အသံကလေးကိုပင် အထပ်ထပ်အခါခါကြည့်မိ၊နားထောင်မိပြီးချိန်၌ သူ့စိတ်နှလုံးသား၏ထင်မြင်နေမိမှုဟာ ပိုမိုသေချာနေခဲ့တော့သည်။

A Forgotten Love(Book Ver)Dove le storie prendono vita. Scoprilo ora