//အလိုက်အထိုက်ဆက်ဆံပေးမှုတွေမှာ..
အရောင်တွေ မပါခဲ့ဘူးလေ//စက်ရုံသို့သွားပြီးနောက် ဟယ်ရီတို့နေ့တစ်ဝက် ကျော်သည်အထိ အလုပ်ရှုပ်နေခဲ့ကာ နေ့လယ်စာ
ပင် မစားကြရသေးပေ။ဟယ်ရီခြေခေါက်လဲတော့
မှသာ ခဏနားဖြစ်ကြပြီးနေလယ်စာစားဖို့ရာ ထမင်းဆိုင်ကိုပင် ရှာကြရတော့သည်။အကြောညက်သွားသည့်ခြေထောက်ကြောင့် ဟယ်ရီသည် လမ်းလျှောက်ဖို့လည်း အဆင်မပြေလှပါ။ဖြည်းညင်းစွာ အားယူရင်းလျှောက်ပါသော်လည်း လိုသလို ခရီးက,မရောက်ချေ။
"ကျွန်တော်ကူတွဲပေးမယ်"
ဇွဲလွန်းပြည့်က ပြောရင်းနှင့်ပင် ဟယ်ရီ့ပခုံးသို့
ဖက်လာပြီး ကူတွဲပေးလာသည်။ဟယ်ရီငြင်းဖို့ရန် ကြိုးစားပေမင့် ဇွဲလွန်းပြည့်၏လက်က ဟယ်ရီ့
ပခုံးပေါ်သို့ ရောက်နေနှင့်ခဲ့ပြီ။ဟယ်ရီ့ကို ပြုံးပြပြီး စိုက်ကြည့်နေခဲ့သော ဇွဲလွန်းပြည့်ကြောင့် ဟယ်ရီ
နေရခက်လာသည်။အတင့်ရဲလွန်းတာဟုပင်
ဟယ်ရီခံစားမိ၏။မရိုးမသား မျက်ဝန်းအကြည့် များကိုတော့ ဟယ်ရီသဘောမကျလှပါ။"ရပြီ၊အစ်ကို အဆင်ပြေတယ်။ဆိုင်ထဲ အရင်ဝင်နှင့်..အစ်ကို ဖုန်းဆက်စရာရှိသေးလို့"
"ကျွန်တော်စောင့်နေပေးမယ်လေ"
"မလိုဘူး..ရတယ်"
ဇွဲလွန်းပြည့်၏လက်အား ဖယ်ချလိုက်ပြီးဟယ်ရီ ခပ်ပြတ်ပြတ်ပင်ပြောမိတော့သည်။ဇွဲလွန်းပြည့်
ကမူ ခေါင်းညိတ်ကာ ထွက်သွား၏။ထို့နောက်မှ ဟယ်ရီသည် ဖုန်းကိုထုတ်ကာ
ပိုင်စိုးဆီသို့ လှမ်းဆက်ဖြစ်သည်။ပိုင်စိုးက
သူလွမ်းနေပါကြောင်း ပြောလာသဖြင့်တော့ ဟယ်ရီ့ခမျာ ပျော်မိရပြန်တာ။ငါးမိနစ်လောက်
သာ ဖုန်းပြောပြီးနောက် ညမှသာ အေးဆေးပြန်
ဆက်မည်ဖြစ်ကြောင်း ဟယ်ရီက ပြောလိုက်ပြီး ဖုန်းချလိုက်ရသည်။မဟုတ်ပါက အလွမ်းသာသယ်နေလျှင် တော့ ဟယ်ရီနေ့လယ်စာပင် ငတ်တော့
မည်မှာသေချာနေ၏။ဆိုင်ထဲသို့ဟယ်ရီရောက် တော့ ခင်ထူးမွန်နှင့်ဇွဲလွန်းပြည့်က ထမင်းကိုကြိုမှာပေးပြီးသားဖြစ်နေသည်။
KAMU SEDANG MEMBACA
A Forgotten Love(Book Ver)
RomansaAFLရဲ့ Book versionပါ။စာအုပ်ဖြစ်တဲ့အတွက် စာတွေပြင်ထားပါတယ်။