//မုန်းတယ်လို့ပြောတယ်..ပြီးရင် ယုယမယ်။
အမှတ်တမဲ့လား၊ဟင့်အင်း..ဒါတွေဟာ
တမင်သက်သက်ပဲပေါ့ အချစ်ရဲ့//ဘဝ၏လက်တစ်ဆစ်တာ အချိုးအကွေ့လေးမှာ မုန်းတီးရခြင်းတွေဟာ ဖြစ်ပေါ်လာခဲ့ရတာ။အသက်ဆယ်နှစ်အရွယ် တစ်ဦးတည်းသောသား
ဆိုသော ဂုဏ်ပုဒ်ကနေ နေ့ချင်းညချင်းကြီး အစ်ကိုတစ်ယောက်ရလာခဲ့တဲ့ မင်းပိုင်စိုးသူအတွက်တော့ ဒါတွေဟာ လက်မခံနိုင်စရာများဖြစ်ခဲ့၏။"သူက ဘယ်သူလဲမေမေ"လို့မေးတဲ့အခါ "သားရဲ့အစ်ကိုကြီးလေ"ဆိုသော ပြန်ဖြေသံကိုပင် ပိုင်စိုး မနှစ်သက်ခဲ့ပါ။စိုးစံ..မင်းပိုင်စိုးစံက သူ့အစ်ကိုတဲ့။သူ့အရှေ့မှာ မြင်နေခဲ့ရတဲ့ ခပ်သန့်သန့်ရုပ်ရည်ရှိပြီး၊ဆယ့်ခြောက်နှစ်အရွယ် အဲသည့်အစ်ကိုကိုတော့ သူမုန်းမိခဲ့ဖူးတာ။
"သားက ဖေဖေနဲ့မေမေရဲ့ တစ်ဦးတည်းသောသား။သူက သားအစ်ကိုမဟုတ်ဘူး။သားမှာ အစ်ကိုမရှိဘူး"
"ပိုင်လေး..အဲ့တာသားရဲ့ အစ်ကိုကြီးပဲ။မင်းမေမေ
နဲ့ အိမ်ထောင်မပြုခင်..ဖေဖေ ပထမအိမ်ထောင်နဲ့ ရခဲ့တဲ့သား။ဒါကြောင့်မို့ စိုးစံက ပိုင်လေးရဲ့
အစ်ကိုပေါ့။အခုကစပြီး ဒီအိမ်မှာအတူတူလာနေတော့မှာ"မေမေ့ကိုကြည့်မိတော့ ပြုံးပြနေတဲ့အပြုံးတွေက မှန်ကန်ပါတယ်၊ပိုင်လေး လက်ခံရမယ်ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့။စိတ်ထဲမှာဖြစ်တည်လာခဲ့တဲ့ ပထမဆုံး စိတ်ခံစားချက်တွေက သူအချစ်မခံရတော့ဘူးဆိုတာမျိုးပေါ့။ဖေဖေဟာ သူ့သားကြီးကိုပဲ ချစ်တော့မှာဖြစ်ပြီး၊သူ့ကိုတော့ နည်းနည်းပဲချစ်ပေးတော့မှာဆိုတဲ့စိတ်က အခြေတည်လာခဲ့ရတော့တာ။
"ပိုင်လေး..ကိုကြီးမှာ သူငယ်ချင်းတွေရှိတယ်။သူတို့က ကပြားလေးတွေကွ သိပ်ချောတာ။ပြီးတော့ အရမ်းလည်းအဆော့သန်ကြတယ်။ကိုကြီး
တို့ရဲ့ ခွေးပေါက်လေးက ချစ်စရာအကောင်းဆုံးပဲ"ကစားစရာများမျိုးစုံရှိပါမူ အမြဲတမ်းတစ်ယောက်တည်းသာ ဆော့ခဲ့ရသော ပိုင်စိုးအဖို့ ပျင်းခဲ့ရ
တာချည်းသာ။စိုးစံ၏ခွေးပေါက်လေးဆိုသော စကားတစ်ခွန်းက ပိုင်စိုးကိုပင် ပျော်သွားစေခဲ့
သည်နှင့်တူပါ၏။အိမ်ကို စိုးစံရောက်လာကတည်းက ကိုကြီးလို့တစ်ခွန်းတောင်မခေါ်သော
ပိုင်စိုးက အဲသည့်နေ့ကတော့ ကိုကြီးလို့ခေါ်လာပြီး သူ့ကိုခေါ်သွား ခိုင်းခဲ့တာတော့ ဒါကအမှတ်တရတစ်ခုပင်။စိုးစံပြောသည့် ခွေးပေါက်လေးက ခွေးလေးမဟုတ်ဘဲ ကောင်လေးတစ်ယောက်ဖြစ်နေတော့ သူဟာ စိတ်ဆိုးခဲ့ရသေးသည်။

CZYTASZ
A Forgotten Love(Book Ver)
RomansAFLရဲ့ Book versionပါ။စာအုပ်ဖြစ်တဲ့အတွက် စာတွေပြင်ထားပါတယ်။