Chapter-8

1.4K 63 2
                                    

//မတည်မြဲနိုင်တဲ့ ကတိတွေ//

ဟာဝိုင်အီ ရှပ်,နေဗီပြာအား ဂျင်းအဖြူဖြင့်တွဲဝတ် ထားသည့် ဟယ်ရီ့ပုံစံက အတော်လေးပင်
ဆွဲဆောင်ဟန်ရှိလှသည်။သပ်ရပ်ကြော့မော့သည့် ရိုးရှင်းပုံကြောင့် ဟယ်ရီ့နှင့် လိုက်ဖက်ညီနေ၏။
ကိုယ်လုံးပေါ်မှန်ရှေ့၌ ဟယ်ရီကရပ်ကြည့်နေပြီး
အနောက်မှ ငေးကြည့်နေသည့် ပိုင်စိုးကိုလည်း သူမြင်နေရသည်။

"ဟယ်ရီ ဘာတွေရှိလို့ အဲ့လောက်ထိပြင်ဆင်နေရတာလဲ..ထူးထူးဆန်းဆန်းတွေ"

"အဲဒီ့ထူးထူးဆန်းဆန်းက မင်းလေ၊ငါက အမြဲတမ်း ဒီလိုပဲကိုး"

ဟယ်ရီက ပိုင်စိုးအား စကားပြန်ပက်လိုက်ရင်းရေမွှေးကို ဆွတ်နေ၏။သဘာဝဆန်လှသည့် အနံ့တွေဟာ အီစူးစူးအနံ့လည်း မဟုတ်သလို၊စိတ်ကိုလည်း
ပေါ့ပါးလန်းဆန်းသွားသလိုနှယ် ခံစားရစေသည်။
ပိုင်စိုး မနေနိုင်တော့ဘဲ ကုတင်ပေါ်မှဆင်းလာခဲ့
သည်။ဖတ်လက်စစာအုပ်ကိုလည်း ပစ်ချထား
ခဲ့မိပြီး..

"ကိုယ်..မင်းမျက်နှာလေးကို နူးနူးညံ့ညံ့ထိတွေ့ချင်မိလာတာ"

ပိုင်စိုးက ထိုသို့ဆိုလျှင် ဟယ်ရီသည် ခွင့်ပြုချက် အားပေး၏။

"အင်း..မင်းသဘော"

နူးညံ့ခြင်းအနမ်းပန်းကို သူဟာခြွေချနေခြင်းထံမှ ရပ်ပစ်လိုက်ပြီး ဟယ်ရီ့မျက်ဝန်းတွေဆီသို့ ရီဝေ
စွာငေးစိုက်ကြည့်နေပြန်တော့သည်။

"ဒီနေရာလေးကက အမြဲတမ်း ပြားရည်လိုချိုမြ
နေတတ်တာပဲလား"

ပိုင်စိုးက ဟယ်ရီ့၏နှုတ်ခမ်းပါးပေါ် ထိတွေ့ကာ ကျီစယ်မေးလာတော့၏။

"တော်ပါ..အပိုတွေ"

"အပိုတွေလို့ မင်းသတ်မှတ်နိုင်ပါတယ် ဟန်နီ။
ဒါပေမဲ့..အင်းလေ..ထားပါတော့..ဒီနေ့ အိမ်မှာပဲ
ကိုယ်ကအလုပ်လုပ်မှာဆိုတော့ နေ့လယ်ကျရင်
ကိုယ့်ကိုဖုန်းဆက်ဦး"

"အင်းပါ၊လွှတ်ပေးတော့ အင်္ကျီတွေတွန့်ကြေကုန် တော့မယ်"

A Forgotten Love(Book Ver)Where stories live. Discover now