Chapter -38

204 11 0
                                    

//မင်းက ကိုယ့်အတွက် ဘယ်လိုမျိုးလဲလို့ မင်းမေးတဲ့အခါ..ကိုယ်ပြန်ဖြေမှာ.."မင်းက ကိုယ့်ရဲ့အနာဂတ်ပါ"//

အိမ်၏တစ်လမ်းကျော်ရှိ လက်ဖက်ရည်ဆိုင်ကိုရောက်တော့ ဆန္ဒလေးစားနေကျ အတိုင်း အသားပေါင်းတစ်လုံးနှင့်နွားနို့ပူပူတစ်ခွက်ကိုပင် ပိုင်သည် ဦးဆုံးမှာ ပေးရတတ်သည်။

သစ်သားစားပွဲ၊ခုံပုလေးများနှင့် ပတ်ဝန်းကျင်သည်လည်း ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သည့်အလျောက် အေးချမ်းနေသည်ကိုပင် ဟယ်ရီက သဘောကျနေတော့၏။အုတ်နံရံပေါ်၌ နွယ်တက်တွယ်ကပ်တစ် လှည့်၊လျှောဆင်းတစ်လှည့်တည်ရှိနေသော စက္ကူပန်းပင်တို့မှ ပန်းတို့သည်လည်း မြေနီပေါ်သို့ ကြွေစင်းကျလျက်ရှိနေသည်။

"ဟယ်ရီ ဘာသောက်မလဲ..ပေါ့ဆိမ့်လား။ဒီမှာ အာလူးပူရီလည်းရတယ်"

"အင်း..မင်းမှာပေးတာပဲ စားတော့မယ်"

တည်တင်းတင်း နှုတ်ခမ်းသားဟာ မပြုံးခဲ့ပါ။ပိုင့်ဆီမှအကြည့်လွှဲသွားရင်း ဆန္ဒလေး၏ဆံပင်ကိုသာ ကြက်တောင်စည်း စည်းပေးဖြစ်တော့ ပိုင်က စားပွဲထိုးကောင်လေးဆီ လက်ဖက်ရည်ပေါ့ဆိမ့်နှစ်ခွက်နှင့်မုန့်တို့ကို မှာနေတော့သည်။

ဆန္ဒနှင့်ဟယ်ရီ့ကိုတွဲမြင်နေရတိုင်း သူ့ရင်၌ခံစားရမိသည်က မိသားစုဆိုသော စိတ်ခံစားချက်တစ်ရပ်သာဖြစ်ပါ၏။

"ဟီရယ်..တောက်တောက် ပါပယ်ကြိုက်"

"ဒါဆို ဦးဦးနဲ့တူတာပေါ့နော်၊ဦးဦးလည်း ခရမ်းရောင် ကြိုက်တယ်"

တစ်ဝက်မျှသာစည်းထားသော ဟယ်ရီ့၏ဆံပင် ဆီသို့ လက်ညှိုးလေးထိုးကာပင် ဆန္ဒလေးကခရမ်းရောင်ကြိုက်ကြောင်းပြောလာတော့ စကားသံဟာ မပီကလာလေးသာ။ဆန္ဒလေးက ဟယ်ရီ့ဆံပင် အရောင်ကို သဘောကျနေကာ တစ်ခစ်ခစ်ရယ်နေတော့ ပိုင့်မှာမနေနိုင်။သား၏ ပါးဖောင်းဖောင်းသို့ သူမွှေ့နမ်းပစ်မိတော့၏။

သားက တစ်ခစ်ခစ်ထပ်ရယ်နေဆဲဖြစ်သည့်အလျောက် ဟယ်ရီ့မှာ မနေသာတော့ပါ။ကလေးအား နောက်လန်ကျမည်ကိုစိုး၍ ကျောဘက်အင်္ကျီမှ ထိန်းကိုင်ထားမိသည်က ခပ်မြဲမြဲပင်။

A Forgotten Love(Book Ver)Hikayelerin yaşadığı yer. Şimdi keşfedin