Chapter -44

166 7 0
                                    

//နေ့သစ်ကိုစတင်တိုင်း ကိုယ့်ရဲ့လက်ကိုလည်း ခိုင်ခိုင်မြဲမြဲတွဲလို့ထားပါ//

သည်နေ့က သောကြာနေ့ဖြစ်သည့်အလျောက် ဘိုးဘိုးနှင့်လိုက်သွားကြမည့်နေ့ပင် ဖြစ်သည်။အဝတ်စားထုပ်များပြင်ဆင်ပြီးပေမင့် ဆန္ဒလေးကတော့ သူ့ကစားစရာများကိုပင် ခြင်းထဲသို့လိုက်ထည့်နေသည်က မပြီးသေးပေ။

ဟယ်ရီက အိပ်ပျော်နေဆဲလည်းဖြစ်ပြီး၊ပိုင့်ကမူ ထိုင်ကြည့်နေမိ၏။အိပ်ပျော်နေရင်းမှ ဟယ်ရီက လှုပ်လှုပ်ရှားရှားဖြစ်လာသည့်အလျောက် စောင်ကိုပင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ဟယ်ရီ့၏လက်များကလည်း တုန်ယင်နေခဲ့သည်။

"ပိုင်..မဖြစ်ဘူး ပိုင်..ပိုင်"

စိုးရိမ်အက်ကွဲသံများနှင့် လက်တကာကာ ယောင်ယမ်းလာသော ဟယ်ရီ့ကြောင့် ပိုင့်မှာ ပျာပျာသလဲလည်းဖြစ်ရှာတော့ကာ၊ဟယ်ရီ့ကိုယ်အား သူရင်ခွင် ထဲသို့ထည့်ဖက်ထားပစ်တော့ ဟယ်ရီသည် ယောင်မြဲ၊ယောင်ယမ်းနေဆဲလည်းဖြစ်သည်။

"ပိုင်..ပိုင်သတိထား.."

"ဟယ်ရီ..ဟယ်ရီထပါဦး။ကိုယ်ဘာမှမဖြစ်ဘူးလေ..ကိုယ်ဘာမှမဖြစ်ဘူးလေဟယ်ရီ"

"ပိုင်.."

"အင်း..ကိုယ်ဘာမှမဖြစ်ပါဘူး"

"ပိုင် မင်းတကယ်ဘာမှမဖြစ်ဘူးနော်။မင်းကို အဲ့ကားကတိုက်သွားတာ"

"အဲ့တာ အိပ်မက်ပါ ဟယ်ရီရဲ့။ကိုယ်က မင်းအနားမှာပဲ ရှိနေတယ်လေ။ကိုယ်ဘာမှ မဖြစ်ပါဘူး"

ဟယ်ရီ့မျက်ဝန်းအကြည့်ဟာ အပူမငြိမ်းခဲ့ပါ။တုန်ယင်နေသော လက်ဖြင့် ပိုင်၏ပါးပြင်ပေါ် အုပ်ကိုင်လာရင်း မေးရှာတော့ ပိုင့်မှာ ဖက်ထားပစ်မိသည်က ကပျာကယာရယ်။ပိုင့်ပခုံးပေါ် ခေါင်းမှီချလာသော ဟယ်ရီသည် ငြိမ်ကျသွား၏။

မွန်းကြပ်မှုလက္ခာများကိုပင် ပိုင်,ရှိနေတော့ အလျင်အမြန် သူကမောင်းထုတ် နိုင်ခဲ့သည်။ဒါဟာ အိပ်မက်ဆိုးဆိုလျှင်တောင်မှ ပိုင့်ကို စွဲလမ်းသည့်စိတ်၊စိုးရိမ်မိသည့် စိတ်နှင့်နာကျင်မှုဟာ ပေါင်းဆုံသွားပြီးမှ ဖြစ်တည်လာခဲ့သည့် အိပ်မက်ဆိုးတစ်ပုဒ် သာဖြစ်ပါ၏။

A Forgotten Love(Book Ver)Onde histórias criam vida. Descubra agora