Chapter-34

127 9 0
                                    

//ပြက္ခဒိန်ကို လှန်ကြည့်တော့..မင်းထားခဲ့တာဟာ တစ်နှစ်မြောက်//

တောင်အရပ်မှလာသည့် ကံ့ကော်ပန်းအနံ့ တို့က ခပ်သင်းသင်း ပျံ့နေသည်။ကလေးများ ပြေလွှား ဆော့ကစားကြရာ၌လည်း ဖုန်တလူးလူးလည်းဖြစ်နေ၏။ပိုင်သည် ကုန်လွန်ခဲ့သောအချိန်ကာလများတွင် များစွာပြောင်းလဲလာခဲ့သည်။

"ဆန္ဒရိပ်မြုံဂေဟာ"

ခြံအပေါက်ဝ၌ ထီးထီးမားမားချိတ်ဆွဲထားသည့် ဆိုင်းဘုတ်သာဖြစ်ပါ၏။ဂေဟာတစ်ခုကိုပင် သူထူထောင်ခဲ့ချိန်က အစကနဦးကြားရသည့် ဖြစ်ပါ့မလားဟူသော စကားသံများကိုပင် သူမေ့ထားခဲ့ပြီး၊ပိုင့်ဘက်မှ အပြုံးနှင့်သာတုံ့ပြန်တတ် သကဲ့သို့၊အလုပ်နှင့်လည်း သူသက်သေပြနိုင်ခဲ့သည်။

ပိုင်ကိုယ်တိုင်တည်ထောင်ထားသော ဂေဟာ၌ ကလေးပေါင်း အယောက်နှစ်ဆယ်ရှိသည်။ပြီးနောက် ငွေကြေးမတတ်နိုင်သည့်ကျောင်းသားများကိုလည်း ပညာသင်ကြေးလည်း ထောက်ပံ့ပေးနေခဲ့သည်။

"ဖေနယ်..ဖေနယ်"

နှစ်နှစ်သာသာကလေးငယ်သည် ဆန္ဒပိုင်သာဟုအမည်ရပြီး၊ဖေငယ်ဟု ပိုင့်ကို မပီတပီလေးခေါ်လာရင်း ပိုင်ထိုင်နေသည့် ဝါးကွပ်ပျစ်ဆီသို့ အပြေးလေးရောက်လို့လာ၏။

ဆံပင်ကောက်ကောက် လုံးလုံးကလေးဖြင့် အပြေးလာသောသားကိုပင် ပိုင်ဟာ လက်ဆန့်တန်းလျက် ရင်ခွင်ကိုဖွင့်ထားကာ ကြိုပေး၏။

"ကောက်ကောက် ဘာဖြစ်လာတာလဲ"

"တောက်တောက်ကို တောက်တောက်လို့ခေါ်နဲ့ချို..ဖေနယ်နော်"

ဆန္ဒပါးသို့ နမ်းပစ်တော့ နှုတ်ခမ်းလေးစူသွားသည်။ပိုင်က သဘောတကျရယ်ရင်း စကားမပီသည့် ဆန္ဒ၏စကားသံကိုလည်း သဘောကျနေပုံရ၏။သူ့ကိုယ်သူ ကောက်ကောက်ဟုသုံးနှုန်းတတ်ပြီး ပိုင်တို့က သူ့အား ကောက်ကောက်ဟုခေါ်လျှင် လည်းမကြိုက်တတ်သော ကလေးသာဖြစ်ပါသည်။

ဆန္ဒက ပိုင်,အမွေစားအမွေခံ မွေးစားထားသော ကလေးဖြစ်သည်။ဂေဟာသို့လာလျှင် ဆန္ဒကိုခေါ်လာဖြစ်ပြီး၊ပြန်လျှင်တော့ အိမ်သို့ မနည်းပြန် ခေါ်ရတတ်သည်။

A Forgotten Love(Book Ver)حيث تعيش القصص. اكتشف الآن