Chapter -14

689 28 1
                                    

//ဂရုစိုက်ပေးမှုတွေလား..ဟိုးအဝေးကြီးမှာလေ။အရာအားလုံးပဲ..//

အေးစက်နေခဲ့သော မနက်စာက မည်သည်ကို
ညွှန်ပြနေသည်မှန်း သိကြပါရဲ့လား။

ပစ်ပယ်ခံရခြင်း၊မေ့လျော့ခံရတာခြင်း၊အလေးထားမခံရခြင်းများနှင့် ချစ်ခြင်းမေတ္တာအား လျစ်လျူရှုခံထားရခြင်း စသည်များသာဖြစ်ပါသည်။

နေမကောင်းကာ ကိုယ်လက်မအီမသာဖြစ်နေသော်ငြား ပိုင်စိုးအတွက် ဟယ်ရီဟာ တကူးတက
ပြင်ဆင် ပေးထားခဲ့ပုံပါ။အရာမယွင်းသောစားပွဲပေါ်က မနက်စာဖြစ်သည့် ထမင်းကြော်ပူပူလေးကတော့ နေမြင့်လာသည့်အခါ၌ အေးစက်စက်ပင်ဖြစ် လို့လာခဲ့ရသည်။

"ပြန်လာတော့မှာပါ"

ဟယ်ရီက ရယ်ကာပြော မိမိစိတ်အတွက် ဖြည့်တွေးရရင်း နာရီကိုပင် လှမ်းကြည့်တော့ နေ့လယ်
ဆယ့်တစ်နာရီခွဲကိုပင် ညွှန်ပြနေခဲ့ပြီ။သည်နေ့က
ရုံးပိတ်ရက်ဆိုတော့ ပိုင်စိုးပြန်အလာကို စောင့်ရင်းနဲ့သာ မနက်စာမှ နေ့လယ်စာအထိပင်ကူးပြောင်းလို့လာ၏။ဟယ်ရီသည် ပိုင်စိုးအား ငါးနာရီနီးပါးလောက် ထိုင်စောင့်ဖြစ်ခဲ့ပြီး၊ပိုင်စိုးကို ဖုန်းခေါ်ကြည့်သော အခါများ၌လည်း ဖြေဆိုကိုင်တွယ်လာခြင်းတို့မရှိခဲ့ပါ။

အတွေးများလွန်ခဲ့ပြီးနောက် တံခါးဖွင့်သံကိုကြားပါက ပိုင်စိုးပြန်လာပြီမှန်း ဟယ်ရီ သိလိုက်သည်။ထမင်းစားခန်းထဲမှ အလျင်ပြေးထွက်လာခဲ့သော ဟယ်ရီက မင်းပိုင်စိုးသူဆီကိုသာ သူ့ခြေများအား ဦးတည်ထားတော့၏။

"ပိုင်..ဘယ်တွေသွားနေတာလဲ။ငါက မနက်စာပြင် ပြီးစောင့်နေတာ..အာ..အခုက နေ့လယ်စာစားချိန်ဆိုတော့ ဟင်းချက်ပေးမယ်လေ။ခဏလေးစောင့်နော်.."

"ချက်ပေးစရာမလိုတော့ဘူး..အပြင်ကနေစားလာခဲ့ပြီးပြီ"

ဟယ်ရီ့ကိုတွန်းဖယ်လိုက်ပြီးနောက် ပိုင်စိုးကအခန်းထဲသို့ဝင်သွားသည်။ခရီးမသွားခင် လွန်ခဲ့သော ရက်ပိုင်းများကတော့ ပိုင်စိုးဟာ သူ့အပေါ်မှာ
သိသိသာသာဂရုစိုက်၊ ကောင်းပေးခဲ့ပြီး..ယခုမူ ယခင်များကလို ပြန်ဖြစ်သွားပေမင့်လည်း ဟယ်ရီက လက်ခံနိုင်ပါ၏။အရာရာကို သူဟာ ကြိုတွေးထားခဲ့ပြီးသားပဲ။

A Forgotten Love(Book Ver)Onde histórias criam vida. Descubra agora