Chapter-33

180 13 0
                                    

//မိုင်တွေဝေးတော့ လူချင်းလည်းဝေးကွာနေခဲ့ကြတယ်။နှလုံးသားချင်းတော့ နီးစပ်နေနိုင်ပါသေးရဲ့//

ပါရီမှ Normandyရှိ Étretatကမ်းခြေသို့ ဟယ်ရီတို့ ရက်တိုခရီးထွက်ဖြစ်ခဲ့ကြသည်။ထိုခရီးသည် ပါရီမှသွားလျှင် နှစ်နာရီကျော်၊သုံးနာရီမျှကြာသည့် ခရီးဖြစ်သည်။

Jake,ခမ်းနှင့် ဟယ်ရီတို့က လမ်းကျွမ်းကျင်၍ တစ်လှည့်ဆီ မောင်းလာကြ ဖြစ်ပြီး၊Rockyနှင့်ဇွဲလွန်းပြည့်၏ပြဿနာကိုမူ ဖြေရှင်းပေးကြရသေးသည်။

"ဟား..လှချက်ဗျာ။လမ်းကလည်း ဖြောင့်ဖြူးနေတာပဲနော်..။ ဘေးဘက်နှစ်ဖက်စလုံးက အဲ့တာအပင်တွေလား"

"ဟင်..လွန်းလွန်း..မင်းသိရင် ဘာလို့မေးနေသေးလဲ။အပင်တွေမြင် ရဲ့သားနဲ့.. အဲ့တာအပင် တွေလားမေးတော့ ကျုပ်ကဘယ်လိုဖြေပေးရမှာလဲ..ဘာအပင်တွေလဲလို့ မေးရင်..လူနားလည်ပါဦးမယ်"

"Rocky ခင်ဗျားနော်..ကျွန်တော့်ကို ရန်မစနဲ့"

"ကိုယ်ပြောတာမှားလို့လား..အပင်တွေမြင်ရက်သားနဲ့ အပင်တွေလားလို့ လွန်းလွန်းပဲ လာမေးတာလေ"

"ဘာကို လွန်းလွန်းလဲ.."

ဇွဲလွန်းပြည့်အား ရန်လိုက်စရသည်က Rocky၏ဝါသနာလိုပင်ဖြစ်လာနေခဲ့သည်။
Rockyသည် ဝဲတဲတဲ မြန်မာစကားသံဖြင့် မကြာခဏ စနောက်နေတတ်ပြီး၊ဇွဲလွန်းပြည့် စိတ်ဆိုးသောအခါများတွင်မူ Rockyဟာ အော်ရယ်နေတတ်၏။

ဇွဲလွန်းပြည့် သည်ကိုကျောင်းလာတက်တော့ Rockyကပင် လိုက်လာခဲ့သည်။Rockyကလည်း တစ်ခါတစ်ရံ ပါရီမှာ နေတတ်ပေမင့် ခြေမငြိမ်ပေ။တစ်ခါတလေ ဖိလစ်ပိုင်သို့ ရောက်သွားတတ်ပြီး၊မြန်မာပြည်ကိုမူ အိမ်ဦးနှင့်ကြမ်းပြင်လို သူသွားလာ
နေတတ်သည်။

"ဒီနှစ်ယောက် တောက်လျှောက်ရန်ဖြစ်လာကြတာ မမောကြသေးဘူးလား"

"အစ်ကိုကလည်း ကျွန်တော့်ကို အဲ့ကတုံးက ရန်လိုက်စတာ"

"ဟေ့ဟေ့ ကိုယ်က ကတုံးဆံပင်ပေါက်ပါနော်၊ဘာကို ကတုံးလဲ..လူကိုများ စော်စော်ကားကား"

"ခင်ဗျား.."

ဟယ်ရီသည် တကျက်ကျက်ရန်ထဖြစ်နေကြပြန် သော နှစ်ယောက်ကိုပင် လက်လျော့ထားလိုက်ရတော့သည်။နားလည်း အလွန်ငြီးလာပြီဖြစ်သဖြင့် အိပ်ထဲမှ နားကြပ်ကိုသာထုတ်တပ်ထားလိုက်ရ၏။

A Forgotten Love(Book Ver)Wo Geschichten leben. Entdecke jetzt