Chapter-2

3K 123 0
                                    

//ခွင့်လွှတ်ပေးမိသော အခိုက်အတန့်များ//

နံနက်ပိုင်း အိပ်ရာမှနိုးလာချိန်ဆိုလျှင် မင်းပိုင်စိုးသူ လုပ်တတ်သည်က ဟယ်ရီ့ရင်ခွင်ထဲသို့ ကြောင်ပေါက်လေးတစ်ကောင်လို တိုးဝင်တတ်သော အမူအကျင့်တစ်ခုပါ။သို့ပေမင့် သည်ကနေ့မနက်ပိုင်းမှာတော့ ဟယ်ရီ့၏ကိုယ်ငွေ့ ကိုပင် ပိုင်စိုး,လိုက်ဖမ်းကြည့်နေပါသော်ငြားလည်း လုံးလုံးလျားလျား
ပျောက်ကွယ်နေခဲ့သည်။

ပျောက်ဆုံးနေသော အနွေးဓာတ်ကိုပင် သူခံစားရမိခိုက် ပိုင်စိုးခမျာ လန့်သွားမိ၏။

ပြီးတော့..ရင်ထဲမှာလည်း ထိန်လန့်သွားရသေးတာ။မျက်လုံးများကို အလျင်ဖွင့် ကြည့်လိုက်ရင်း ပိုင်စိုးက ဆတ်ခနဲထထိုင်ပစ်လိုက်ပြီး..၊ အဲသည့်နောက် တော့မကြာပါ..သူဟာ ဟယ်ရီ့ကိုသာ အော်ခေါ်မိနေတော့သည်။

"ဟယ်ရီ..ဟယ်ရီ"

ပြန်ထူးသံလည်း မကြားရဖြစ်လင့်ကစား၊ဟယ်ရီ့အရိပ်အယောင်ကိုလည်း သူ,မတွေ့ရချေ။မနေ့ညက ဖြစ်ခဲ့သည့်ပြဿနာကြောင့် ဟယ်ရီ စိတ်ဆိုးပြီး ထွက်သွားပြီလားဟု ပိုင်စိုးက တွေးမိချေတော့ မျက်နှာက သိသိသာသာပျက်ယွင်းလာ၏။

စိတ်ထဲမှာ ထုံဆေးမိထားသလိုပဲ ထုံနေခဲ့ပြီးတော့၊ဒါက ဘာကိုရည်ညွှန်းပြ နေသလဲဆိုတာကို ပိုင်စိုးမသိခဲ့ရပါ။

"ဟယ်ရီ..ဟယ်ရီမြတ်သာ.."

ပိုင်စိုး၏အသံဖျားများက တုန်ယင်နေသည်။အသံလှိုင်း၌တော့ စိုးထိတ်ရခြင်း ဆိုသည်အား အပြည့်အဝပြသနေခဲ့သည်ကိုပင် ကာယကံရှင်ဖြစ်သူ သူဟာ မသိခဲ့လေသလား။ဗီရိုဘက်ဆီသို့ ခြေလှမ်းများရောက်သွားကာ ဖွင့်ကြည့်တော့မှဖြင့် သူဟာ သက်ပြင်းချလိုက်နိုင်၏။ဟယ်ရီ့အဝတ်အစားများက အရင်အတိုင်း ရှိနေသေးတာလေ။

သို့နှင့် အခန်းထဲမှ အလျင်ပြေးထွက်ကာလည်း
မီးဖိုအခန်းဘက်သို့ သူသွားကြည့်ဖြစ်သည်။
ထိုအခါမှ အလုပ်ရှုပ်နေသော ဟယ်ရီ့၏နောက်ကျောပြင်ကို မြင်လိုက်ရကာမှ စိတ်သက်သာရာ ရမိသလိုနှယ်။ပိုင်စိုး ပြုံးလိုက်မိပါရဲ့။သူ့စိတ်တွေ အခုခါမှ ရတက်အေးသွားရတာပဲ မဟုတ်လား။

A Forgotten Love(Book Ver)Donde viven las historias. Descúbrelo ahora