Chapter -26

267 16 0
                                    

//မျက်ရိုးဆက်နားက အမာရွတ်..။
ဒါ..မင်းပေးခဲ့တဲ့ အပြစ်ဒဏ်တွေထဲက တစ်ခုပဲပေါ့ ဟန်နီရဲ့//

ပိုင်စိုးက မူးချင်သည်ဖြစ်ရာ အရက်များကိုပင် လှိမ့်သောက်နေမိခဲ့သည်။လည်ချောင်းထဲသို့ရောက်ရှိလာသော အရက်၏အရသာပေလား သူမသိပေမင့်
သူရရှိသောအရသာသည်ကား ခါးသက်သော ပူပြင်းမှုများ၊နောင်တများနှင့်ဟယ်ရီ့ကို လွမ်းသည့်စိတ်များသာဖြစ်ပါ၏။

"တော်တော့လေ ပိုင်စိုး၊မင်း အရမ်းများနေပြီ"

အောင်ထက်က ဆက်မသောက်တော့ရန်တားလာပြီး၊ဘုန်းထက်ကတော့ သူ့သူငယ်ချင်း၏အဖြစ်ကိုပင် မကြည့်နိုင်စွာ စိတ်ပြေရာပြေကြောင်းကိုပင်
ပြောမိ၏။

"ပိုင်ကြီး မင်းအသည်းကွဲနေတယ်ဆိုလည်း အသစ်လေးရှာလိုက်ပေါ့ကွာ။ငါ့မှာ အလန်းလေးတွေရှိတယ်..ချိတ်ပေးရမလား..ဟင် မင်းစိတ်ဝင်စားလား"

ဘုန်းထက်၏အပြောကြောင့် ပိုင်စိုးက ထရယ်လာသည်။ဘုန်းထက်က မြှောက်ပေးသည်မဟုတ်ပေမင့် ပိုင်စိုးသာ စိတ်ဝင်စားလျှင် ကောင်မလေးများနှင့်
သူချိတ်ပေးမည်ဖြစ်သည်။

"ငါက ဂေး.."

ပိုင်စိုး၏စကားကိုကြားသည်နှင့် အောင်ထက်တို့အားလုံးမှာ ဟင်ခနဲ၊ဟာခနဲများဖြစ်သွားကြသည်။ငါက ဂေးပါဆိုပြီး ပိုင်စိုးဟာ တစ်ကြိမ်တစ်ခါမှ ထုတ်မပြောဖူးသလို၊ဝန်လည်း မခံ့ခဲ့ပါ။ဒါဟာ ပိုင်စိုးက ဖွင့်ချပြသော ပထမဆုံးအကြိမ်သာဖြစ်လာခဲ့သည်။

"ဂေးဖြစ်နေလို့ မပေါင်းချင်ဘူးဆိုလည်း မပေါင်းကြနဲ့"

"မဟုတ်ပါဘူး၊အဲ့လို မဟုတ်ပါဘူးကွာ။ငါတို့က အံ့ဩသွားရုံပါ။ဒါပေမဲ့ မင်းအရင်ထဲက ဂေးနေမှန်းတော့ ငါတို့လည်းသိတယ်လေ၊ဒီလိုဝန်ခံမှာကိုတော့ တကယ်ထင်မထားမိဘူး"

ထက်အောင်က ပြောပြီးနောက်၊ကောင်းသုကမူ ဝင်ပြော၏။

"မမသုကို မင်းကြိုက်နေတာမဟုတ်ဘူးလား။ပြီးတော့ အစ်ကိုဟယ်ရီ့ကိုလည်း မင်းမချစ်ဘူးဆို"

ကောင်းသု၏အပြောကိုပင် သူကရယ်မိနေပြီး၊ရေခဲစိမ်ဝီစကီတစ်ခွက်ကိုပင် မော့သောက်ချပစ်လိုက်သည်။ပြီးနောက် စားပွဲပေါ်သို့ ဖန်ခွက်ကိုဆောင့်ချပစ် လိုက်သော ပိုင်စိုးဟာ မည်သို့သော အဖြေမျိုးကိုမှ ပေးမလာခဲ့ချေ။

A Forgotten Love(Book Ver)Waar verhalen tot leven komen. Ontdek het nu