//လွတ်မြောက်ခဲ့ခြင်း ချစ်ခြင်းမေတ္တာ//
"တောင်းပန်ပါတယ်..ဟယ်ရီ တောင်းပန်ပါတယ်ခမ်း"
ဟယ်ရီ ဘာကြောင့်တောင်းပန်သည်မှန်း ခမ်း,က သိပုံပေါ်ပါသည်။
"ကိုယ်က တောင်းပန်ခံရဖို့အတွက်နဲ့ ဟယ်ရီ့ဆီကိုပြန်လာခဲ့တာမဟုတ်လို့ တောင်းပန်စရာမလိုပါဘူး ဟယ်ရီ။
ကိုယ်ပြောတာကို သေချာနားထောင်ပါ၊ကိုယ်က ဟယ်ရီ့ကို နှစ်သိမ့်ပေးနိုင်လိမ့်မယ်ဆိုတာကို ယုံကြည်လို့ မင်းအရှေ့ကိုပြန်ရောက်လာတာ။နှစ်သိမ့်ပေးနိုင်ကောင်းပါရဲ့ဆိုတဲ့ မသေချာတဲ့ အတွေးမျိုး ကိုယ့်မှာမရှိဘူး ဟယ်ရီ။
"ကိုယ်မင်းကို နှစ်သိမ့်ပေးနိုင်ရမယ်၊နှစ်သိမ့်ပေးနိုင် လိမ့်မယ်ဆိုတာကိုလည်း ကိုယ်ယုံကြည်တယ်"
သည်လူဟာ အမြဲတမ်းယုံကြည်ချက်အပြည့်နှင့်ဖြစ်ပြီး တည်ငြိမ်မှုတို့လည်း သူ့ထံ၌ရှိ၏။ဒါဟာ ခမ်း၏အားသာချက်ဖြစ်ပြီး၊ဟယ်ရီလေးစားအားကျရသော အချက်လည်းဖြစ်နေသည်။
သူတို့နှစ်ဦး ထီးအောက်တွင်ရှိနေကြသော်ငြား မိုးရေများက စိုရွှဲနေနှင့်ခဲ့ပြီ။ခမ်း၏ပခုံးစွန်ပေါ် မိုးရေစက်များဟာ သက်ဆင်းနေပြီး၊ဟယ်ရီ့၏ ချောကလက်ရောင် ကွင်းထိုးဖိနပ်မှာမူ ရေများထဲနစ်မြုပ်နေတော့သည်။ဆံပင်ဖျားများထံလည်း မိုးရေစက်တို့ တွဲလွဲခိုနေခဲ့ကြ၏။
"ခမ်း..ဘာလို့လဲ၊ဘာလို့ လမ်းခွဲဖို့ကိုသဘောတူခဲ့တာလဲ။မင်းထင်နေတာတွေက မှားနေတယ်ဟယ်ရီ၊ဘာလိုကြောင့်ပါဆိုတာကို ခမ်းဘာလို့မပြောပြခဲ့တာလဲ။အခုတော့သွားပြီ၊အားလုံး နောက်ကျကုန်ပြီ။ခင်ဗျားပြန်လာလည်း ကျွန်တော်က ပိုင့်ကိုမှ ပိုင့်ကိုဖြစ်နေပြီ။
အဲဒီ့အချစ်က နာစရာတွေရှိတော့လည်း ဆုံးရှုံးလက်လွှတ်လိုက်ရမှာကို ကြောက်လို့၊ခင်ဗျားလို လွယ်လွယ်ကူကူနဲ့ ကျွန်တော့်ကို လမ်းခွဲပေးခဲ့မှာကိုကြောက်လို့..ပိုင်ကအရမ်းဆိုးနေရင်တောင် အရင်စိတ်တွေအတိုင်း မလုပ်မိအောင် မနည်းထိန်းချုပ် ထားခဲ့ရတာ။သဝန်တိုတတ်လွန်းတဲ့စိတ်ကို ဖျောက်ပစ်ထားခဲ့ရတာ..။တကယ်တော့ ကျွန်တော် သိပ်ပင်ပန်းနေပြီ။ခင်ဗျားပြောကြည့်စမ်းပါဦး ခမ်း..၊ဟယ်ရီဟာ သိပ်ပြီး မိုက်ရူးရဲဆန်နေတယ် မဟုတ်လား"

ESTÁS LEYENDO
A Forgotten Love(Book Ver)
RomanceAFLရဲ့ Book versionပါ။စာအုပ်ဖြစ်တဲ့အတွက် စာတွေပြင်ထားပါတယ်။