Part (1)

822 20 4
                                    

Uni

ဖူးခက်မြို့ရဲ့ အစိတ်အပိုင်းလေးဖြစ်တဲ့ ကျေးလက်တောရွာလေးသို့သွားရာ လမ်းကလေးထက်တွင်တော့ ကားလေးတစ်စီးက ဖုံအလိမ်လိမ့်ဖြင့် တရွေ့ရွေ့မောင်းနှင်နေသည်။

ထိုကားအတွင်းတွင်တော့ ကျေးလက်ဆရာဝန်တစ်ဉီး သူနာပြုလေးနှစ်ဉီးနှင့်ကားမောင်းသူတစ်ဉီး အားလုံးပေါင်းလေးဉီး လိုက်ပါစီးနင်းလာသည်။

'ဟို....ဉီးလေး'

"ဟုတ် ဆရာလေး"

"ရွာကိုကရောက်ဖို့လိုသေးလားမသိဘူးဗျ"

"နည်းနည်းတော့လှမ်းသေးတယ်ဆရာလေးရဲ့"
ဘာဖြစ်လို့လဲမသိဘူးဗျ?

' ဟီး...ဟီး..'

ကျွန်တော် အပေါ့အပါးလေးသွားချင်လာလို့ပါိီ ဒီနားလေးမှာ ခဏလေးရပ်ပေးလို့ရမလား?

"အော်...."
ရပါတယ် ဆရာလေးရဲ့
ကျွန်တော်ရှေ့နားမှာရပ်ပေးမယ်နော်။

"ဟုတ်"ကျေးဇူးပါဉီးလေး။

Winလည်း အပေါ့အပါးသွားချင်ပေမယ့် ကားနောက်ခန်းမှာ သူနာပြုမလေးများ ပါလာသောကြောင့် စိတ်ကိုချုပ်တည်းထားပေမယ့်လည်း ရွာကိုရောက်ဖို့ရာက လိုသေးသောကြောင့် ကားဆရာဉီးလေးကြီးအား ခြုံကွယ်ရာတစ်နေရာအား ကားကိုရပ်ခိုင်းပြီး ကိစ္စအားရှင်းရန် ခြုံကွယ်ရှိရာသို့ ဆင်းလာခဲ့သည်။

' Bright ' ငါတို့ထွက်လာတာ တော်တော်ကြာနေပြီ မင်းဘွားကစိတ်ပူနေလောက်ပြီ ညနေလည်းစောင်းတော့မယ် ​ပြန်ကြရအောင်။

'Dew'မင်းခေါ်လာတာနော်!

ဘွားငါ့ကိုဆူရင် မင်းကူပြောပေးရမှာနော်
ဘွားက ငါ့ကို သစ်ပင်ရေလောင်းခိုင်းထားတာ။

"အောင်မာ..အောင်မာ..."

မင်းဘာပြောတယ်!

ငါကသွားရအောင်ပဲရှိသေးတယ် မင်းဘာသာ ဘွားကအလုပ်တွေခိုင်းနေတာ မလုပ်ချင်ဘူး အမြန်သွားရအောင်လေး ဘာလေးနဲ့ ပြောနေပြီး အခုကြမှ ဘာ ငါကခေါ်လို့ဖြစ်ရတယ်ရှိသေး'။

ဒါနဲ့ ကမ်းစပ်မှာ ရေကစားရတာကောင်းလိုက်တာကွာ မကစားရတာကြာလို့လားမသိဘူး

အချစ်ရပ်ဝန်းWhere stories live. Discover now