Part (5)

251 14 4
                                    

Uni

"Hello မား"

"သားလေ....သားကိုလေ သားရဲ့ပါပါးက ပြောစရာရှိလို့တဲ့ အဲ့ဒါ"

"ဟိုကစ္စပဲလား...မား"

သားကိုအချိန်လေးထပ်ပေးလို့ရမလား သားလက်မခံချင်သေးဘူး မား

အဲ့ကိစ္စနဲ့ပတ်သပ်ပြီးပါးပါးနဲ့လည်း စကားတွေမများချင်တော့ဘူး။ သားဘက်အဆင်သင့်ဖြစ်ရင် ပြောပါ့မယ်။
"ဟုတ်ပါပြီသားလေးရယ် "

သား ပါပါးကအခုလိုလုပ်နေရတာကလည်း သယးအတွက်ပဲဖြစ်မှာပါ သားလေးကစိတ်မဆိုးရဘူးနော်"

"သားက ပါပါးကိုစိတ်မဆိုးပါဘူး
သားလက်မခံနိုင်သေးတာပါ "

ဟုတ်ပါပြီသားလေးရယ် မေမေကပဲ သားရဲ့ပါပါးကိုပြောပေးထားမယ်ဟုတ်ပြီလား။

"ဟုတ်ကဲ့မား
သားနားချင်နေလို့ ဖုန်းချလိုက်တော့မယ်နော်"

"အဲ့ဆိုမားလည်း ဖုန်းချလိုက်တော်မယ်နော် အာဘွားပါ မားရဲ့သားလေး "

"မားလည်းအာဘွား"

"ဟင်း"

"P"

"ကောင်လေးပဲ လာထိုင်လေဒီကို"

"P မျက်နှာလည်းမကောင်းဘူး နေမကောင်းလို့လား"

"မဟုတ်ပါဘူး နေကကောင်းပါတယ်"

"အပြင်မှာကအေးတယ် အကြာကြီးမထိုင်နဲ့နော်"

"အွန်းပါ
အိမ်နဲ့ဖုန်းပြောရင်း မအိပ်ချင်သေးတာနဲ့ ခဏထိုင်နေလိုက်တာ"

"အွန်း"

"ကျွန်တော်လည်း အိပ်မပျော်လို့ အောက်ကိုခဏဆင်းလာတာ P ကိုမြင်လို့ ဒီဘက်ကိုလာလိုက်တာ"

"အင်း"

Pတစ်ခုခုဖြစ်နေပြီဆိုတာ ကျွန်တော်သိသည်။ ကျွန်တော့ကို ဖြေတဲ့အသံအနေအထားရော မျက်နှာအမူအရာကပါ pတစ်ခုခုကို စိတ်အလိုမကျဘူးဆိုတာ ကို ခံသားရသည်။

ကျွန်တော်အိမ်ပေါ်မှဆင်းမလာခင်လေးမှာ ဖုန်းပြောနေတဲ့ Pကို ကျွန်တော်တွေ့လိုက်သည်။ ဖုန်းပြောနေသော Pရဲ့မျက်နှာမှာ စိတ်ညစ်စရာကိစ္စတွေရှိသည်ထင်ပါရဲ့ အရင်လို ပြုံးပြုံးရွှင်ရွှင်မဟုတ် တစ်ခုခုကို အလိုမကျသလိုရှိသည်။ ဖုန်းပြောပြီးသည်နှင့် Pရဲ့မျက်နှာဟာ သိသိသာသာကို ညှိုးကျသွားသည်။

အချစ်ရပ်ဝန်းWhere stories live. Discover now