Part (4)

320 13 10
                                    

Uni

Brightတစ်ယောက် မနက်က စိုက်ခင်းကအပြန် ဆိုင်ကယ်လဲလာခြင်းဖြစ်သည်။

"အား.......အနာကလည်းနာလိုက်တာ"

"ဟိုကောင် Dewဘယ်ပြေးလည်းမသိဘူး"

"ငါ့ကို 'ဂျင်း'ထည့်ပြီးပြေးတယ်ပေါ့"

"အခုတော့ပြေးထားပါအုန်းကွာ
ငါ့အနာပြန်ကောင်းတာနဲ့ မင်းနဲ့တွေ့ပြီသာမှတ်ပေတော့"

"အား.....ကျွတ်....ကျွတ်...."

ဟီး....ဟီး....ဒါပေမယ့် တစ်ခုတော့ကောင်းပါတယ်လေ ငါ့ကို' P 'က ဂရုစိုက်ပေးတာခံရတာပေါ့။

Brightရဲ့ မျက်ဝန်းထဲတွင်တော့ နေ့ခင်းက အနာကိုဆေးထည့်ပေးနေတဲ့ဆရာဝန်လေးရဲ့ပုံရိပ်တို့က ပြန်လည်စိုးမိုးလာခဲ့သည်။

နူးညံံ့တဲ့အထိအတွေ့လေးတွေ
အကြင်နာမျက်ဝန်းလေးတွေ
ကြည်လင်တဲ့အသားအရေအောက်က သွေးကြောစိမ်းစိမ်းလေးတွေရယ်
သွယ်လျလှပစွာဖြတ်သန်းနေသော အနာပေါ်က လက်ချောင်းလှလှလေးတွေရယ်က ဒဏ်ရာကို အများကြီးသက်သာသွားစေရခြင်းအကြောင်းအရင်းလေးပါပဲ။

"Brightကိုယ့်အတွေးနဲ့ကိုယ်သာယာနေစဉ်"

"ကောင်လေး"
"အနာရောသက်သာလား"

"သက်သာပါတယ်P"

"တစ်ယောက်တည်းပြန်လာတာလား"

"အွန်း"

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး......ဒီတိုင်းမေးကြည့်တာပါ"

"P'နားတော့မှာမလား"

"အွန်း......
ရေချိုးလိုက်အုန်းမယ် ပြီးမှဆေးထပ်ထည့်ပေးမယ်"

"ဟုတ်"

ဟမ်! ဟို.......အရက်ပြန်တော့ထပ်မထည့်နဲ့တော့နော်P .....

စကားပင်ဆုံးအောင်နားမထောင်ပဲ ကျွန်တော့နတ်သားလေးကတော့ ထွက်သွားလေပြီ။

"သားလေး"

"အနာကရော ဘယ်လိုနေလဲ သက်သာရဲ့လား....ဟမ်....ဖွားကိုပြပါအုန်းမြေးလေးရယ်"

"အစောက ဆရာလေးပြန်လာတာမလား
ပြီးရင်ဆရာလေးကို ထပ်ပြရမယ်နော် သားလေး"

အချစ်ရပ်ဝန်းWhere stories live. Discover now