ဟင်!
"ဟမ်.....နေ့ခင်းကလူ"အသံနှစ်ခုက ပြိုင်တူထွက်ပေါ်လာခဲ့တော့သည်။
Bright အခန်းဆီသို့လျောက်လာရာ လမ်းတွင် မိမိ၏သမီးဖြစ်သူ ကြောင်မလေးAmeကဖြတ်ပြေးလာသောကြောင့် ထိခိုက်မိမှာစိုး၍ ဘေးဘက်သို့ရှောင်လိုက်ရာ တစ်ဖက်အခန်းမှ ထွက်လာသောလူတစ်ဉီးနှင့် တိုက်မိသွားသည်။
'နာသွားလားဗျ'
'Ameကဖြတ်ပြေးလာတော့ ခိုက်မိမှာဆိုးလို့ ရှောင်လိုက်တာပါ'
'ရပါတယ်...မနာပါဘူး
ရုတ်တရက်ဆိုတော့လန့်သွားတာပါ'"ဟိုလေ..
ဒီကလူက ဖွားပြောတဲ့ရာဝန်လေးဆိုတာလားခင်ဗျ"
"ဟုတ်ပါတယ်"
"နေ့ခင်းက 'စ'မိလို့ တောင်းပါတယ်"
"ရပါတယ် မလိုပါဘူး ....ကလေးတွေပဲ ရှိမှာပေါ့"
"ဟိုကောင်လေး"
ဆရာလေးကို ဘာတွေစပ်စုနေတာလဲ
ဟိုမှာ ရေချိုးမလို့ထင်တယ် အပေါ်ပိုင်းဗလာကြီးနဲ့ကို"မစပ်စုပါဘူးဘွားရဲ့"
သားအခန်းဆီလာတာ Ameကြောင့် ဆရာလေးနဲ့တိုက်မိလို့တောင်းပန်နေတာပါ။
"အေ...မင်းလည်းရေချိုးတော့"
ရေချိုးပြီးရင် ထမင်းစားကြမယ်
ဆရာလေး ထမင်းစားချိန်နောက်ကျနေလိမ့်မယ်။Winလည်း မြေးဘွားနှစ်ယောက် စကားပြောနေစဉ် ဖွားအား ခေါင်းညိမ့်နှုတ်ဆက်ပြီး ရေကန်ရှိရာသို့ထွက်လာခဲ့သည်။
"ဟူး......"
ဘယ်လိုလုပ်ဒီကောင်လေးနဲ့ ထပ်တွေ့ရပြန်တာလဲမသိဘူး"
ရေချိုးနေသော Winရဲ့အတွေးထဲတွင်တော့ နေ့ခင်းကပုံရိပ်များက ပြန်လည်ဝင်ရောက်လာသည်။
နေ့ခင်းက မိမိမှာအပေါ့အရမ်းသွားချင်လို့ ကားဆရာဉီးလေးကြီးအား ခြုံကွယ်တစ်နေရာအား ကားကို ခဏရပ်ခိုင်းပြီးမိမိ၏ကစ္စအားရှင်းနေစဉ်
"Dew. .လာကွာမြန်မြန်"
"အေးပါကွာ မင်းကလည်း"
"ငါ သေးအရမ်းပေါက်ချင်ပြီ"
"ဒီနားမှာ ပေါက်မှရမယ်"
YOU ARE READING
အချစ်ရပ်ဝန်း
Fanfictionထိုနေ့က ကျွန်တော်သွားခဲ့တဲ့ရပ်ဝန်းက ကျွန်တော့်ရဲ့အချစ်တွေရှင်သန်စေမယ့် အချစ်ရပ်ဝန်းလေးတဲ့ဗျာ🌱🌱🌱