Part(15)

181 11 9
                                    

Uni

တရွေ့ရွေ့မောင်းနှင်လာတဲ့ ကားလေးဟာ အခုဆိုရင် ရွာအဝင်လမ်းလေးကိုတောင်လှမ်းမြင်နေရပြီ.......

မြေပြင်ရဲ့ မညီညာမှုတွေကြောင့် နိမ့်ချည်မြင့်ချည်မောင်းနှင်နေရတဲ့ ကားလေးနဲ့ထပ်တူ ကားအတွင်းမှ လိုက်ပါစီးနင်းလာသူလေးရဲ့ ရင်ခုန်နှုန်းတွေဟာလည်း နိမ့်ချည်မြင့်ချည်ရယ်ပါ......။

ရင်ခုန်ပါတယ်......ကိုယ်ချစ်ရသူနဲ့ ပြန်တွေ့ရမယ့်အတွေးတို့ကလူကို ထိန်းမရသိမ့်းမရအောင်ကို ရင်ခုန်စေပါသည်။ ဖုန်လေးတွေ အလိမ့်လိမ့်နဲ့ဒီလမ်းလေးကလည်း အခုမှ ပိုလှနေသလို....။ အခုအချိန်မှာတော့ အရာအားလုံးကိုသူမေ့ထားနိုင်ခဲ့ပြီ.....စိတ်ညစ်စရာစိတ်ရှုပ်စရာတွေအားလုံးကိုပေါ့....။

အစကတော့အစ်ကိုဖြစ်သူနဲ့နှစ်ယောက်အတူတူပြန်လာမယ်ဆိုပြီးမှ အလုပ်ကအပြီးမသပ်နိုင်တော့အတူတူလိုက်ဖို့က ဘယ်လိုမှညှိလို့မရ....

"Winလေး...."

"ဟုတ်P'ပြောလေ"

"Winလေးနဲ့ အစ်ကိုကြီးအတူတူလိုက်လို့ရမယ်မထင်ဘူး"

"ဟင်....ဘာဖြစ်လို့လဲP'ကလည်း
Winကအစ်ကိုကြီးပါလိုက်မယ်ဆိုပြီးပျော်နေတာကြီးကို"

ဟုတ်တယ်....အစကတော့P'လည်းWinလေးနဲ့အတူတူလိုက်ခဲ့ဖို့ပါပဲ...အခုက နိုင်ငံခြာမှာရှိတဲ့ ရှယ်ယာဝင်တွေက အစ်ကိုတို့ ကုမ္ပဏီနဲ့ စကားပြောဆွေးနွေးစရာလေးရှိတယ်ဆိုပြီး အကြောင်းကြားလာလို့ အခုလိုဖြစ်သွားရတာ။ နောက်နေ့ဆိုရင်တောင် P' ချက်ချင်းမလိုက်နိုင်သေးဘူး မန်နေဂျာကို အရင်လွှတ်ရမှာ ပြီးမှ P'လိုက်လာနိုင်မှာ......

"Winလေး......ကလေး..P'ကိုစိတ်ဆိုးသွားတာလား"

"ဟက်....နှုတ်ခမ်းကြီးဆူမထားပါနဲ့ ဘဲပေါက်လေးနဲ့တူလို့"

" P'နော်...."

"ကဲ....ကဲ...စိတ်မဆိုးတော့နဲ့နော်"

"မသိဘူး....မသိဘူး"

"P'ကြားထားတာရှိတယ်...Roseပါလိုက်မာ်ဆိုအဲ့ကို.."

"ဟုတ်တယ်....သူကလိုက်ချင်တယ်တဲ့P'ကျွန်တော့ကိုလာပြောတယ်"

"အဲ့တော့...."

အချစ်ရပ်ဝန်းWhere stories live. Discover now