Part (10)

219 11 6
                                    

Bright တစ်ယောက် တစ်ဖြည်းဖြည်း မိမိရဲ့ ရပ်ဝန်းလေးဆီကနေ ထွက်ခွာသွားပြီဖြစ်သော ကားကြီးကိုငေးကြည့်ရင်း ရင်ဘတ်ထဲမှလဲ စူးအောင့်အောင့်ခံစားချက်များက အကြောင်းအရင်းမဲ့စွာ ခံစားလို့နေရသည်။

သူမျှော်လင့်ခဲ့တာ.......မျှော်လင့်မိတာလေ.....အခုတော့ သူ့ရဲ့မျှော်လင့်ချက်တွေက တကယ်ကိုပျက်စီးခဲ့ရပြီမဟုတ်ပါလား....။

သူမျှော်လင့်မိတာက......သူ့ရဲ့မွေးနေ့လေးကို ချစ်ရသူနဲ့အတူတူဖြတ်သန်းချင်မိတာ....ဒါလေးပါပဲ.....။

သူ့ရဲ့အဓိပ္ပယ်ရှိလွန်းတဲ့ မွေးနေ့လေးမှာ ချစ်ရသူလေးရဲ့ ​ဆုတောင်းစကားလေးနဲ့အတူ အပြုံးလေးနဲ့ ဖြတ်သန်းချင်မိယုံလေးပါပဲ......အခုတော့.....။

"ဧည့်သည်"

ဟုတ်ပါတယ်......ဧည့်သည်ပါပဲ။ ကျွန်တော့ရဲ့ ရပ်ဝန်းလေးကိုခနတဖြုတ်အလည်လာတဲ့ ဧည့်သည်ပါပဲ။

"ဧည့်သည်" ဆိုတာ အချိန်တန်ရင် သူ့တို့ရဲ့အိမ်ကိုပဲ ပြန်ကြမှာပဲမလား.....။

အခု Pလည်း ကျွန်တော်တို့ကိုထားခဲ့ပြီး သူ့ရဲ့ရပ်ဝန်းလေးဆီကို ပြန်သွားခဲ့ပြီလေ.....။

အဝေးကို ရောက်နေပြီဖြစ်တဲ့ ကားလေးကိုငေးကြည့်ရင်း အတွေးတစ်ချို့ကိုနယ်ချဲ့နေရင်းမှ ပါးပြင်ပေါ်မှ ပူနွေးနွေးအရာကြောင့် စမ်းကြည့်လိုက်တော့ မျက်ရည်တချို့....။

"Winလေး နေမကောင်းဘူးလား"

ကားပေါ်မှာ ဘာစကားမှမပြောပဲ ဘေးနားက ကျောက်ရုပ်ကြီးလိုလိုက်လာတဲ့ အငယ်လေးကိုကြည့်ရင်း Nani တစ်ယောက်တော့ သက်ပြင်းကိုချရင်း သူ့ဘက်ကပဲ စကားစလိုက်သည်။

"ကောင်းပါတယ် P"

"မျက်နှာက ဘာလို့မကောင်းရတာလဲ"

"တစ်ခုခုရှိလို့လား"

"P. ..."

"P ကို ပါပါးတို့ ဘာပြောပြထားသေးလဲ"

"ဘာကိုမေးတာလဲ....ငယ်လေး"

"ကျွန်တော့ အကြောင်းပေါ့"

"ငယ်လေး......Pကို သေချာရှင်းအောင်ပြောပြပေးလို့ရမလား"

" အိမ်ကိုသားပြန်လာတာ အလည်မဟုတ်ဘူး P. ..အိမ်ကခေါ်လို့...."

အချစ်ရပ်ဝန်းWhere stories live. Discover now