Part (9)

240 10 8
                                    

အခန်းလေးအတွင်းမှာတော့ Brightတစ်ယောက် ဟိုနားကပ် ဒီနားထိုင်လိုက်နဲ့ ယောက်ရပ်ခပ်လို့နေသည်။ တစ်ကိုယ်လုံးလည်းပူကျစ်နေပြီး ထိုင်ရမလို ထရမလိုနဲ့ ကုတင်ဘေးနားမှ စားပွဲပေါ်ရှိရေဘူးအားဖွင့်ကာ တစ်ရှိုက်တည်းမော့လိုက်သည်။

တကယ်ကို ဆိုးတဲ့လူပါပဲ။
သူကတော့မူးပြီး လုပ်ချင်တာလုပ်လိုက်တယ်ဆိုပေမယ့် ဒီကလူကတော့ ရူးရတော့မယ်။

Brightတစ်ယောက် မျက်နှာချင်းဆိုင်မှ အမူးသမားလေးအား အခွင့်ကောင်းယူကာ စိတ်လိုလက်ရနမ်းမိနေသည်။ အမူးသမားလေးကလည်း ပြန်လည်တုံ့ပြန်လာတော့ Brightရဲ့ အပေါ်နှုတ်ခမ်းများက အပေါ်သို့ ကွေးညွတ်သွားရသည်။

အနမ်းများအားဖလှယ်နေရင်း ခံစားချက်အမြင်ဆုံးအချိန်သို့ရောက်သောအခါမှ တစ်ဖက်ကအနမ်းတို့ကိုရပ်လိုက်သောကြောင့် Brightလည်း ​မှေးစင်းထားသော မျက်လုံးအစုံကိုဖွင့်ပြီး အရှေ့ကအမူးသမားလေးကိုကြည့်လိုက်တော့ အိပ်ပျော်လို့နေသည်။

ဟက်! တကယ်ကိုချစ်စရာလူသားလေး
မူးပြီးအိပ်နေတာလေးကအစ အသည်းယားစရာအတိ။

Bright တစ်ယောက် အိပ်ပျော်နေပြီဖြစ်သော အမူးသမားပေါက်စလေးဖြစ်သူ သူ့ရဲ့နတ်သားလေးအား လဲလက်စ အဝတ်များကိုလဲပေးလိုက်ပြီး အိပ်ယာပေါ်သို့ နေရာသေချာချ စောင်လေးခြုံပေးကာ အိပ်ခန်းဆီမှထွက်ကာ မိမိအခန်းရှိရာသို့ပြန်လာခဲ့သည်။ အခန်းလေးမှပြန်ထွက်လာနီးမှာတော့ အိပ်ယာပေါ်မှာအိပ်စပ်နေသော နတ်သားလေးရဲ့ နဖူးပြင်လေးပေါ်သို့ Bright တစ်ယောက် အနူးညံ့ဆုံးသော အနမ်းလေးတပွင့်အား ခြွေပေးလိုက်သည်။

ဟက်! ရယ်စရာမကောင်းလွန်းဘူးလားဗျာ ကျွန်တော့အဖြစ်က......။တစ်ဖက်လူက မူးပြီးနမ်းတာလေးကို ရင်တွေခုန်နေလိုက်တာများ ကိုယ့်ကိုယ်ကိုတောင်ရှက်တယ်.....။ ဟိုကဖြင့် အိပ်မောတောင်ကျနေလောက်ပြီ ကိုယ်ကဖြင့်အခုထိမပြီးသေး......ကိုယ်နှလုံးခုန်သံတွေကိုပင် ကိုယ်တိုင်ပြန်ကြားနေရသည်။

"ဒီညလည်း အိပ်ရေးပျက်ရအုန်းမည်ပေါ့ဗျာ"

*****

အချစ်ရပ်ဝန်းWhere stories live. Discover now