Part (12)

200 10 6
                                    

Uni

အချိန်တွေကလေ တစ်ခါတစ်လေကျ အရမ်းကိုကြာလွန်းတယ်ဗျာ.........။

P'က သိပ်နေနိုင်လွန်းတာပဲ.......ဖုန်းဆက်ဖို့ သေချာမှာလိုက်ပေမယ့် အခုထိတောင်ဆက်မလာဘူး........။ ကျွန်တော့အတွက် မွေးနေ့ဆုတောင်းလေးတောင် မပြောတော့ဘူးထင်ပါတယ်.......။ မွေးနေ့အချိန်က ကုန်ခါနီးနေတာတောင် ဘာမှမထူးခြား........နောက်နာရီအနည်းငယ်ဆို တခြားရက်ကိုပင်ပြောင်းတော့မယ်........။

အရမ်းလွမ်းတယ်.......ပြေးတွေ့ချင်နေမိတယ်.......အနွေးထွေးဆုံး ပွေ့ဖက်ပစ်လိုက်ချင်တယ်.....ကျွန်တော့ရင်ခွင်ထဲက ထွက်သွားလို့မရတော့တဲ့အထိပဲ.......။

မတတ်နိုင်ဘူးလေ......ဒီညတော့ 12နာရီမထိုးခင်အထိတော့ ခင်ဗျားရဲ့ မွေးနေ့ဆုတောင်းလေးကို စောင့်နေရတော့မှာပဲ......ကျွန်တော်က ကြားချင်နေတဲ့သူမလား.....။

စကားဝိုင်းအတွင်းတွင်တော့ ရယ်သံတွေ ချီးမွမ်းသံတွေနဲ့ သာသာယာယာရယ်.......ဝေးကွာနေတဲ့မိတ်ဆွေတွေ အချင်းချင်းလည်းဖြစ် မကြာခင်မှာလည်း တစ်မျိုးတသ်ဖုံ ပက်သပ်တော့မည့်သူများဖြသ်တာကြောင့် မရှိသောစကားများကို ရှာပြောနေကြတာများ အချိန်ပင်တော်တော်လင့်နေပြီ ။

ကျွန်တော်ကတော့ ပြောစရာစကားမရှိတာကြောင့် အမေးအဖြေလောက်သာဝင်ပြောဖြစ်သည်.....ရေလိုက်ငါးလိုက်ပေါ့။

"ကဲ....ကျွန်တော်တို့ပြန်တော့မယ်ဗျ။ မတွေ့ရတာကြာတော့ စကားပြောရတာတော်တော်ကောင်းပါတယ်"

"ဟုတ်တယ်ဗျာ.......အချိန်ရရင် ထပ်တွေ့ကြတာပေါ့"

"ကလေး​တွေလည်း နားချင်နေလောက်ပြီဆိုတော့ ပြန်တော့မယ်နော်"

"သား.....အန်ကယ်တို့ကို ခွင့်ပြုပါအုန်း"

"ဟုတ်ကဲ့......ကောင်းကောင်းပြန်ပါ အန်ကယ်"

"Rose ကိုလည်း ခွင့်ပြုပါအုန်းရှင့်"

"ဟုတ်ကဲ့"

စကားဝိုင်းပြီးချိန်မှာတော့ အချိန်က တော်တော်ပင်လင့်နေပြီ။ Winလည်း အားလုံးကို နှုတ်ဆက်ရင်း အိပ်ခန်းလေးဆီသို့ တက်လာခဲ့တော့သည်။

အချစ်ရပ်ဝန်းWhere stories live. Discover now