Part(16)

133 12 6
                                    

Uni

"P. ...."

"မွေးနေ့လက်ဆောင်အနေနဲ့ P'ဆီက အနမ်းတစ်ပွင့်ပေးမယ်ဆိုရင် ကျွန်တော်ကျေနပ်ပါပြီ"

ယုတ်တရက် ပုခုံးပေါ်သို့ကျရောက်လာတဲ့ လက်တစ်စုံ.....
ပုခုံးနှစ်ဖက်ကို အနူးညံ့ဆုံးကိုင်တွယ်ရင်း အနမ်းတစ်ပွင့်အား မွေးနေ့လက်ဆောင်အဖြစ် တောင်းခံနေသည်မှာလည်း နူးနူးညံ့ညံ့လေးရယ်.....။

ရင်တွေခုန်လွန်းလို့ အသက်ကိုပင် ပုံမှန်မရှူနိုင်တဲ့ အချိန် တောင်းဆိုလာသည်က အနမ်းတစ်ပွင့်တဲ့....
ထိုကောင်လေးဆီမှ အချစ်ကိုမျှော်လင့်နေပေမယ့် မထင်မှတ်ပဲ ရုတ်တစ်ရက် ချစ်ရေးဆိုလာတဲ့အခါမှာတော့ လူကကယောင်ချောက်ချား.....

ဘယ်လောက်တောင် ကယောင်ချောက်ချားနိုင်သလည်းဆို....ကိုယ်သတိစိတ်ပြန်ဝင်လာတော့ ချစ်တယ်ဆိုတဲ့ အဖြေကို အရှေ့ကလူသားလေးဆီပေးပြီးသွားပြီတဲ့.....တကယ်ကို imageကျရတဲ့အဖြစ်။

အခုလည်း မွေးနေ့လက်ဆောင်နဲ့ စကားလမ်းကြောင်းလွှဲမယ်လုပ်မှ လက်ဆောင်အဖြစ် အနမ်းတစ်ပွ့င့်ရချင်ပါသတဲ့လေ......

ဘယ်လိုတွေတောင် ညဏ်တွေသိပ်ကောင်းနေလည်းမသိ

"အာ.......အဲ့ဒါကလေ.....ဟို.....ဟို"

" P'. ....ပေးဖို့အဆင်မပြေဘူးလည်းရပါတယ်"
ကျွန်တော် P'အခက်တွေ့အောင်လုပ်မှာမဟုတ်လို့ စိတ်ထဲမထားပါနဲ့.....ကျွန်တော့အချစ်ကိုလက်ခံပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။

နှုခမ်းဆူထော် ပြောချင်ရာပြောပြီး ခေါင်းကိုအောက်ငုံ့ထားလျက် ငြိမ်သက်နေသည်။ ဒီတစ်ခါ ခေါင်းငုံ့နေတာက ပထမကလို မျက်နှာပူလို့တော့မဟုတ် စိတ်ဆိုး၍သာဖြစ်သည်။

မနမ်းချင်ဘူးလားဆို မဟုတ်ဘူး သိပ်နမ်းချင်ခဲ့တာ
အရှေ့ကလူသားလေးကို......

ဒါပေမယ့်......တကယ်တမ်း နမ်းဆိုတော့လည်းရှက်မိသား
တစ်ယောက်တည်းရှက်နေတုန်းရှိသေး ပြောလာတာက P'အဆင်မပြေရင် ရပါတယ်တဲ့...P'အခက်တွေ့အောင်မလုပ်ပါဘူးတဲ့လေ။

သိပါတယ်.....ဒါဟာ ထိုကောင်လေးစိတ်ဆိုးနေပြီဆိုတာ။

နမ်းရမှာကိုရှက်မိပေမယ့် ထိုကောင်လေးမျက်နှာမကောင်းတာကိုလည်း မလိုချင်မိ.....
ရှက်လည်းရှက်သလို....ရှက်လည်းမရှက်နိုင်တော့ပါ

အချစ်ရပ်ဝန်းWhere stories live. Discover now