Part (17)

131 9 3
                                    

Uni

အရှေ့ကနေအပြေးသွားနေသူလေးနောက် အမှီလိုက်ပြီးလက်ကလေးကိုစွဲယူဆုပ်ကိုင်လိုက်ရင်း အိမ်သို့ပြန်လာခဲ့တော့သည်။

အိမ်ရှေ့ကိုရောက်တော့ အဖွားကစီးကြိုနှုတ်ဆက်ရင်း ထမင်းစားဖို့ခေါ်လေတော့သည်။

"ကလေးတွေပြန်လာကြပြီပဲ ရေမိုးချိုးပြီးရင် ထမင်းစားဖို့လာခဲ့ကြနော် ဖွားပြင်ထားလိုက်တော့မယ်"

"ဟုတ်ဖွား သားတို့အမြန်လာခဲ့ပါ့မယ်"

"ကောင်းပါပြီကွယ်"

နှစ်ယောက်လုံးအပေါ်ကိုအပြေးတက်ရင်း ရေချိုးဖို့ပြင်ဆင်ရတော့သည်.....အဖွားကထမင်းစားဖို့ပြင်နေပြီမလား။

ရေမိုးချိုးလို့အပြီးမှာတော့ ထမင်းစားခန်းဆီသို့ ကျွန်တော့ကအရင်ဆင်းလာခဲ့သည်။ နှစ်ယောက်အတူတူမချိုးချင်တာကြောင့် ကျွန်တော်ကအရင်ချိုးနှင့်ပြိီး Brightကိုနောက်မှချိုးခိုင်းလိုက်ခြင်းဖြစ်သည်။

ထမင်းစားခန်းရောက်တော့ အားလုံးအဆင်သင့်ဖြစ်လို့နေပြီ။

"သားလေး....အဲ.....ဆရာလေး....လာလေ"

"ရပါတယ်ဖွားရဲ့......သားကိုဆရာလေးလို့မခေါ်ပါနဲ့"

"ဟုတ်ကဲ့.....သားလေးလာ"

"ဟိုကောင်လေးကမပြီးသေးဘူးလားမသိ.....ဆရာလေးတောင်ရောက်နေပြီကို"

"လာတော့မှာပါ....သူပြီးနေပါပြီဖွား"

"အာ.....မွှေးနေတာပဲ....ဖွားကဘာဟင်းတွေချက်ထားတာလဲ"

"ကဲလာပါမြန်မြန်......ဒီမှာမင်းကိုစောင့်နေကြတာ"

"ဖွားကလည်း....ဒီမြေးလေးတစ်ယောက်ထဲရှိတဲ့ဟာကို စိတ်ကိုမရှည်ဘူး"

"မြင်လားဆရာလေး.....ဘာမှမပြောရသေးဘူး ဖွားကိုချွဲနေတာ"

ချစ်ကြည်ရေးခင်းနေတဲ့ မြေးဖွားကိုကြည့်ရင်း Win အားကျသလိုရှိလာပါသည်။

Brightတို့က မြေးဖွားနှစ်ယေညက်တည်ူဆိုပေမယ့် နွေးနွေးထွေးထွေးရှိလှသည်။ Winတို့မိသားစုကတော့ထိုသို့မဟုတ် မိသားစုဝင်များပေမယ့် နွေးထွေးမျိုကမရှိလှ။

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

အချစ်ရပ်ဝန်းWhere stories live. Discover now