Part (3)

213 14 4
                                    

Uni

ညနေခင်းအချိန်မှာတော့Brightတစ်ယောက်
ဂစ်တာတစ်လက်ဖြင့် အလုပ်ရှုပ်နေတော့သည်။

🎼🎼🎼စကားတွေအကျယ်ကြီးပြောစရာမလိုအောင်ကို နီးကပ်လွန်း​နေတယ်

တစ်ခြားသူတွေမြင်တာထက်ကို ပိုနီးကပ်လွန်းနေတယ်

ကိုယ်တို့နီးနီးကပ်ကပ်ရှိနေချိန်တွေဆို🎼🎼🎼

"Brightရေ....Bright. ...."

"Dew. ..ဟေ့ကောင် ငါဒီဘက်မှာ"

"အံမယ်....ဂစ်တာတွေဘာတွေတီးနေလို့ပါလား.... ငါ့ကောင်ကြီးက"

"တော်စမ်းပါကွာ.....အရင်လည်းတီးနေကြပဲကို မင်းကလည်း"

"အေးပါ.....အေးပါ...."

"ဒါနဲ့ ဟိုဆရာလေးရော"

"ဆေးပေးခန်းမှာနေမှာပေါ့"

"မင်းပြောတော့ ညနေကျလည်းသွားကြိုမယ်ဆို......မသွားဘူးလား"

"သွားမှာပေါ့...အခုမှအစောကြီးရှိသေးတာကို မင်းကလည်း"

"Dewလေးရောက်နေတာပဲ "

ဟုတ် ဖွား
သားကဒီည ဒီမှာအိပ်မှာလေ မပြန်ဘူး Brightကပြောထားတယ် ဒီနေ့ဟင်းကောင်းတွေချက်တယ်ဆိုလို့ ညစာလည်းစားရင်းပေါ့။

မင်းကိုဘယ်သူကကျွေးမယ်ပြောလဲ ဟင်းတွေက ဧည့်သည်ဖို့ မင်းဖို့မပါဘူး။ အိပ်စရာလည်းနေရာမရှိဘူးနော်။

"မရှိရင် ရှိတဲ့နေရာအိပ်မှာ"

"ဒီကလေးတွေ တွေ့တာနဲ့ရန်ဖြစ်နေရမှ ပြီးကျ ဘာမှလည်းဟုတ်တာမဟုတ်ပဲနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုနေတယ်။

ဖွား...သားဆရာဝန်လေးကို သွားကြိုလိုက်အုန်းမယ်။ ပထမဆုံးရက်ဆိုတော့ လမ်းကသိပ်တန်းမှာမဟုတ်သေးဘူး။

အွန်း....သွားကြိုလေ။ နှစ်ယောက်သွားမှာမလား လမ်းမှာလည်းရန်ဖြစ်မနေနဲ့အုန်းနော်။

Brightနဲ့Dewဟာ ထိုကဲ့သို့ပါပဲ
မနက်ပိုင်းတည့်နေပေမယ်လည်း ညနေပိုင်းကျ အခုလိုမျိုး ရန်ဖြစ်နေပြန်ရော။

"ဆရာလေးရေ.....ဆရာလေး...."

"အာ....လာပါ..လာပါ..."

လူလတ်ပိုင်းယောကျာ်းသားတစ်ဉီးက ကလေးတစ်ယောက်ကို ပခုံးပေါ်ထမ်းပြီး အပြေးတစ်ပိုင်းရောက်လာသည်။

အချစ်ရပ်ဝန်းWhere stories live. Discover now