Part (11)

247 14 7
                                    

Uni

လူကသာအိပ်ယာပေါ်လဲအိပ်နေပေမယ့် အတွေးစိတ်တို့ကတော့ အိပ်စက်ခြင်းဆီသို့ မရောက်နိုင်......။ မနက်ဖြန်ဆိုတာကြီးကို တွေးတောရင်းနှင့်ပင် စိတ်ထဲမှာ မွန်းကြပ်လို့လာခဲ့ရသည်။

ထိုအချိန်တုန်းက နှလုံးသားရေးရာက ကိုယ့်အတွက် ဘာခံစားချက်မှမရှိလေတော့ ဆုံးဖြတ်ချက်တို့က ဝါသနာဘက်ကိုသာ ရတိပျက်ဆုံးဖြတ်ခဲ့မိသည်......ငယ်ရွယ်တဲ့အချိန်ဆိုတော့လဲ။

ယခုအရွယ်ရောက်လို့လာခဲ့တော့ နှလုံးသားလေးကလည်း အရင်လိုမဟုတ်တော့.......အချစ်ဘက်သို့ ဉီတည်နေလေပြီ။

Winတစ်ယောက် မအိပ်ချင်သော်လည်း အိပ်စက်ခြင်းဆီသို့ စိတ်တို့ကိုနှစ်ရင်း မျက်လုံးအစုံကိုမှိတ်ချလိုက်သည်......မနက်ဖြန်အတွက် အားယူရမည်မလား။

Brightတစ်ယောက် ကျလာတဲ့မျက်ရည်တို့ကို မသိမသာလေးသုတ်လိုက်ရင်း အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။

Brightမနက်ဖြန်ဆို မင်းမွေးနေ့ဆိုတော့ ဘုရားကျောင်းကိုသွားအုန်းမှာလား ငါလာခဲ့မယ်လေ။

"မသိတော့ပါဘူးကွာ"

"Bright မင်းဘာဖြစ်နေတာလဲ ငါသိနေတယ်နော်.....ဆရာလေးပြန်သွားလို့မလား"

"ငါ့ကိုယ်ငါတောင် မသိတော့ပါဘူး ဘာဖြစ်နေတယ်ဆိုတာ မနက်ဖြန်အတွက်လည်း စိတ်မပါဘူး"

"မင်းဘာဖြစ်နေလည်းဆိုတာ ငါပြောပြရမလား"

"ငါတောင်မသိတဲ့ ကိစ္စကို မင်းကဘာပြောအုန်းမလို့လဲ"

"မင်းဆရာလေးကို စိတ်ဝင်စားနေတာမလား
ချစ်နေတာမျိုးပေါ့ ဟုတ်တယ်မလား"

"မ.....မဟုတ်ပါဘူးကွာ
ငါကအကောင်းမှတ်လို့ နားထောင်နေတာ"

"မင်း...ငြင်းနေတာမလား ငါသိတယ်"

"တော်ပြီကွာ.....မင်းနဲ့စကားပြောလို့မရတော့ဘူး ငါအိပ်တော့မယ်"

"ဟ.....အစောကြီးရှိသေးတယ် အိပ်တော့မလို့လား"

"ဟုတ်တယ်......နေမကောင်းချင်လို့"

"အဲ့ဆို.....ဆရာလေးကိုကုခိုင်းလိုက်လေ
မင်းဝေဒနါက ဆရာ​​​လေးကုမှပျောက်မှာမလား"

အချစ်ရပ်ဝန်းWhere stories live. Discover now