Part (6)

203 12 8
                                    

Uni

နှစ်ယောက်သား ပန်းခင်းလေးထဲမှာအချိန်ကုန်နေလိုက်တာ ညနေပင်တော်တော်စောင်းနေပြီ။ ဘေးကလူကိုကြည့်လိုက်တော့လည်း အချိန်ကိုပင်သတိထားမိပုံမပေါ်။

"P ကျွန်တော်တို့ပြန်ကြတော့မလား
ညနေစောင်းနေပြီ အပြန်နောက်ကြလိမ့်မယ်"

"အာ......ဟုတ်သားပဲ
နေတောင်မကြာခင်ဝင်တော့မှာပဲ"

စိတ်လွတ်လက်လွတ်ပျော်နေလိုက်တာ အချိန်ကိုပင်သတိမထားမိ။ ဘေးနားက တစ်ယောက်သောသူသတိပေးမှ ညနေစောင်းနေပြီမှန်း သတိရသည်။

"ဟုတ်တယ် P
နောက်အားတဲ့ရက်မှ ကျွန်တော်လိုက်ပို့ပေးမယ် အခုတော့ပြန်ကြတာပေါ့။ တေည်ကြာ အပြန်လမ်းမှာမှောင်နေလိမ့်မယ်။

"အွန်း....ပြန်ကြတာပေါ့"

ဒီလိုနဲ့ပဲနှစ်ယောက်စလုံး ပန်းခင်းလေးကိုကျောခိုင်းရင်း အိမ်ပြန်လမ်းလေးအတိုင်း ဘေးချင်းကပ်ကာ ပြန်လာခဲ့ကြသည်။

ဆောင်းတွင်းမို့ထင်ပါရဲ့ နေဝင်ချိန်အမှီပြန်လာခဲ့ပေမယ့် အိမ်ရောက်ဖို့ အနည်းငယ်အလိုမှာပင် နေကဝင်လို့သွားပြီဖြစ်သည်။

လမ်းတစ်လျှောက်တွင်တော့ ပန်းခင်းတစ်ချို့ကြားမှ ပိုးစုန်းကြူးလေးမှားနဲ့အတူ ညပုရစ်များရဲ့ အော်သံလေးများက စည်စည်ညံညံရယ်။

"P ဘေးဘက်ကို သိပ်မကပ်နဲ့နော် ချုံတွေရှိတယ်"

"အင်း"

"ဖွားတော့ Pတို့ကိုစိတ်ပူနေတော့မယ်ထင်တယ် အားနာလိုက်တာ"

"အာ....မဟုတ်တာ Pကလည်း"

Winလည်း အိမ်ပြန်နောက်ကျနေပြီဖြစ်သောကြောင့် ဖွားတစ်ယောက် စိတ်ပူနေမှာကိုတွေးကာ အားနာသလိုရှိနေမိသည်။

အမလေး!

" ဟမ်..ဘာဖြစ်တာလဲ P"

"အကောင်.....အကောင်တစ်ကောင် Pရဲ့ခြေထောက်ပေါ်ကနေဖြတ်ပြေးသွားတယ်"

"ကြွက်နေမှာ Pရဲ့"

မကြောက်နဲ့နော် ကျွန်တော်ရှိတယ်။ ကျွန်တော့ဘေးနားမှာနေ ဟုတ်ပြီလား။

"အွန်း"

Winလည်း ကြောက်ကြောက်နဲ့ပဲ ကောင်လေးနားကပ်ကာ လက်တစ်ဖက်ကလည်း Brightလက်မောင်းရဲ့ အင်းကျီစကို စွဲထားမိသည်။

အချစ်ရပ်ဝန်းWhere stories live. Discover now