Part (13)

198 9 4
                                    


"သားလေးတို့ ပြန်လာကြပြီလား"

"ဟုတ်ကဲ့ မား"

"သမီးလေး...အန်တီတို့ဆီမှာ ထမင်းစားပြီးမှပြန်ပါလား"

"ဟုတ်....တော်ပါပြီ အန်တီ"

"ဒီက...ကိုကိုနဲ့ စားခဲ့ပြီးပါပြီ"

"အော်.....အေအေ သမီးလေး"

"သမိီးပြန်တော့မယ်နော်......Roseပြန်တော့မယ် ကိုကို"

"ဟင်....အွန်း....ဂရုစိုက်ပြန်ပါ"

Winတစ်ယောက် မထင်မှတ်ထားတဲ့ အခြေအနေကြောင့် စကားတွေပင် ထစ်ငေါ့ကုန်ရသည်.....အခု မားရဲ့ရှေ့မှာသူ့ကို သုံးသွားတဲ့ အခေါ်အဝေါ်က ဘာလဲ......ကိုကိုတဲ့

ဘေးနားမှာလည်း အမေဖြစ်သူတစ်ယောက်ကတော့ သားနဲ့ အနာဂတ်ရဲ့ ချွေးမလောင်းလေးကို ကြည့်ရင်း အပြုံးပန်းတွေဝေဆာလို့......ဒီလိုဆို နှစ်ယောက်ရဲ့ဆက်ဆံရေးက သိပ်မဆိုးဘူးမလို့ယူဆလို့ရတယ်မလား။

အရှက်ကြီးလွန်းတဲ့ Winတစ်ယောက်ကတော့ ဘေးမှာပြုံးစိစိဖြစ်နေတဲ့ အမေဖြစ်သူကို တသ်ချက်ကြည့်ပြီး နေရာမှ ခပ်သွက်သွက်ပဲ ထွက်လာခဲ့တော့သည်။

"မြေးရေ.....ဒီနေ့ စိုက်ခင်းစီသွားအုန်းနော် သားလေး"

"ဟုတ်ကဲ့ ဖွား....သားသွားလိုက်ပါ့မယ်"

"သားလေး....ဂရုစိုက်သွားနော် ဖွားစိတ်ချမယ်"

" ဟုတ် စိတ်ချပါဖွားရဲ့"

အဖွားဖြစ်သူကို စိတ်ချဖို့ပြောရင်း စိုက်ခင်းသို့သွားရန် လိုအပ်တာလေးတွေယူဖို့ အခန်းစီသို့ ထွက်လာခဲ့သည်။
အခန်းရှေ့ရောက်တော့ မလှမ်းမကမ်းက အခန်းလေးဆီအကြည့်တို့ကို ပို့မိတော့ တစ်ယောက်သောသူကို သတိရတဲ့စိတ်က ဖြစ်တည်လို့လာခဲ့သည်။ အခန်းပိုင်ရှင်လေးက မရှိတော့ အခန်းလေးကလည်း တိတ်ဆိတ်လို့......။
အခန်းလေးကို တစ်ချက်လှည့်ကြည့်ပြီး ခေါင်းကို ခပ်ဖြည်းဖြည်းလေးခါရမ်းလိုက်သည်.....သူ့ကိုလွမ်းတဲ့စိတ်တွေများ ပျောက်လိုပျောက်ငြားပေါ့။

ယူစရာရှိတာတွေယူပြီး ဆိုင်ကယ်တစ်စီးဖြင့် စိုက်ခင်းစီသို့ မောင်းနှင်ခဲ့သည်။ စိုက်ခင်းတစ်ခုပြီးတစ်ခုကျော်ဖြတ်ရင်း တစ်ခါကဆိုင်ကယ်အနောက်ကနေ လူကို အတင်းဖက်ရင်း တွေ့သမျှ ဘုရားစာတွေရေရွတ်ရင်းလိုက်ပါလာတဲ့ လူသားလေးကို မျက်လုံးထဲပြန်မြင်ယောင်လာတော့သည်။

အချစ်ရပ်ဝန်းWhere stories live. Discover now