Part (7)🍒🍒🍒

261 12 11
                                    

Uni

Winတစ်ယောက် ညီးသံကြားတာကြောင့်နားစွင့်ကြည့်လိုက်တော့ အသံလာတာက Brightအခန်းကဖြစ်နေသည်။

"ဟင်! .....ဒီကောင်လေး မဟုတ်မှလွဲရော ဖျားနေတာများလား"

Winလည်းအခန်းလေးအနားသို့ ခြေသံမကြားရအောင် ဖွဖွလေးလျှောက်ကာသွားလိုက်တော့ အခန်းဆီမှ ညီးသံလေးက ကျယ်ကျယ်လောင်လောင်ရယ်။

ဒီလိုသာဆို ဒီကောင်လေးကို သူပစ်ထားလို့မရဘူးမလား။ အခန်းထဲကို ဝင်ရန်သင့်မသင့်ကလည်းရှိသေးတာကြောင့် တန်းမဝင်သေးပဲ အခန်းရှေ့မှာတင် စဉ်းစားခန်းဖွင့်နေမိသည်။
နောက်ဆုံးမှာတော့ Winတစ်ယောက်စိတ်ပိုင်းဖြတ်လိုက်သည် သူအခန်းထဲသို့ဝင်ကြည့်ရမည်။

စိတ်ပိုင်းဖြတ်ပြီး အခန်းထဲသို့ဝင်ရန် တံခါးလေးကိုဆွဲလိုက်တော့ အလိုက်သင့်ပွင့်သွားလေသည်။

တံခါးအားအသာလေးဆွဲကာဝင်လိုက်တော့ အိပ်ယာပေါ်မှာ ကွေးကောက်ကောက်အိပ်နေသောကောင်လေး။

"ချမ်းတယ်......ချမ်းတယ်
ဟင်း........ချမ်းတယ်"

"Bright. ....ကောင်လေး...သတိထားအုံး"

"Bright"

အခန်းဝတွင်ရပ်နေတုန်း ကုတင်ပေါ်မှကောင်လေးက ယောင်ယမ်းကာ ထအော်နေသောကြောင့် Winတစ်ယောက် ကုတင်ဘေးသို့ အပြေးသွားကာ ကိုယ်ကိုတစ်ချက်လှုပ်ကာသတိပေးလိုက်သည်။ နဖူးဆီသို့အပူစမ်းကြည့်လိုက်တော့ မီးခဲပမာ။

"ဟမ်!
ကိုယ်တွေလည်းပူကျစ်နေပါလား ဖျားနေပြီထင်တယ်"

ဖျားမှာပေါ့.......နေ့ခင်းက ​နေပူကြီးထဲကလာပြီး ရေထဲကိုတမ်းဆင်းလိုက်တာမလား။ ဖျားမှာကို စိုးရိမ်လို့လှမ်းတားခဲ့ပေမယ့် အချိန်မမှီလိုက် သူကဖြင့်ရေထဲသို့ရောက်လို့နေခဲ့ပြီးဖြစ်သည်။

"အင်း......ဒီလိုကိုယ်ပူနေပုံနဲ့တော့ မဖြစ်သေး။"

Winလည်း ကိုယ်ပူကျစေရန်အတွက် ရေဘတ်တိုက်​​ပေးရန် မီးဖိုခန်းဘက်သို့ထွက်လာခဲ့သည်။

အသင့်တည်တားသော ရေနွေးအိုးထဲမှရေနွေးအနည်းငယ်ကို ဇလုံတစ်ခုထဲသို့ထည့်ကာ အခန်းဆီသို့ပြန်လာခဲ့သည်။ အဖွားကိုလည်းမနှိုးမိတော့ အသက်ကလည်းကြီးနေသည်ရော အချိန်ကလည်းနောက်ကျနေခြင်းကြောင့်ပင်။

အချစ်ရပ်ဝန်းWhere stories live. Discover now