Part (14)

192 13 10
                                    

Uni

"သားလေး ဘယ်လိုသဘောရလည်း"

"ဘာကိုလည်း မေမေ"

"မေမေဘာကိုမေးတာလည်း သားလေးသိပါတယ်
မေမေ့ကို စကားမလွှဲပါနဲ့တော့"

"Roseနဲ့ အခြေအနေကိုမေးတာဆိုရင်တော့
သားတို့အခုထိတော့အဆင်ပြေပါတယ်"

"အဆင်ပြေအောင်နေပါ...သား
အမေတို့ မျက်နှာမပျက်ချင်ဘူး"

"သာလည်း တတ်နိုင်သလောက်တော့ အဆင်ပြေအောင်ကြိုးစားနေပါတယ်"

"မဂ်လာကိစ္စအတွက်ရော သား"

"မဂ်လာအချိန်အတွက်ကတော့ သားအချိန်နည်းနည်း ထပ်ယူချင်သေးတယ် အမေ"

အိမ်ထောင်တစ်ခုတည်ထောင်ပြီးပြီဆိုရင် ဘာကိုမှ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်မရှိတော့ဘူး......ကိုယ်ကြိုက်တာကိုယ်လုပ်မယ်ဆိုပြီးလုပ်လို့မရဘူး အသေးအဖွဲလေးတွေကအစ တစ်ယောက်ကိုတသ်ယောက်တိုင်ပင်ပြီးမှ ခွင့်ပြုချက်နဲ့လုပ်ရတာ။ သားရဲ့လွတ်လပ်မှု​တွေကို ရတဲ့အချိန်လေးမှာတော့ အပြည့်အဝ ခံစားချင်မိတယ်။

"သားပြောချင်တာက"

"ဟုတ်တယ်မေမေ......သားမဂ်လာကိစ္စကို နောက်နည်းနည်းဆုတ်ချင်တယ်"

မင်းရဲ့အဖေအကြောင်းလည်း သိတာပဲ....သူကဒါဆိုရင် ဒါလုပ်မှ ကြိုက်တဲ့သူမျိုး။ သူ့ရဲ့စကားကို ပျက်ပါယ်ရင် ကြိုက်တာမဟုတ်ဘူး။ သားရဲ့အစ်ကိုကြီးတောင် သူ့စကားကိုမပယ်ရဲဘူး......သားလေးကမှ ဝါသနာပါရာ ဆရာဝန်အလုပ်ကို လုပ်ခွင့်ရသေးတယ်....သားကြီးဆိုရင်။

သားတို့လူငယ်တွေပါမေမေ.....ဖေဖေ့စကားအားလုံးနားမထောင်တာဟာ ဖေဖေ့ကို ပုန်ကန်တာလည်းမဟုတ်ပါဘူး။ သားတို့မှာ သားတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်တွေတော့ ရှိရမယ်မဟုတ်လား။ အရာအားလုံး မိဘကြိုးစွဲရာ ကဖို့ကျတော့ ကျွန်တော်တို့မှာ ခက်ခဲတယ်မေမေ။

အစ်ကိုကြီးဆိုလည်း လူငယ်သဘာဝ လွတ်လပ်ခွင့်တွေကို ရချင်မှာပဲ။ သူ့မှာလည်း သူ့ရဲ့ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်း ဒါတွေရှိမှာပဲ။ တစ်ခါတစ်​လတော့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်မှာပဲ......။

အချစ်ရပ်ဝန်းWhere stories live. Discover now