"ခုထိမလာသေးဘူးလား?"
စိတ်ရှည်ခြင်းတစ်စိုးတစ်စမျှမရှိနေတဲ့ ခပ်မာမာအသံအဆုံးမှာတော့ မျက်ခုံးတန်းနှစ်ခုတို့က အလယ်၌ အလိုမကျစွာစုကျုံ့သွားတော့သည်။
"သွားခေါ်လိုက်ရမလား"
"ထားတော့"
ပြေလျော့မသွားပါသော မျက်ခုံးတန်းတို့နဲ့အတူ စိတ်မရှည်မှုတို့ကြောင့် ခုံပေါ်ကိုတီးခေါက်လာတဲ့ တစ်တောက်တောက်အသံကလဲထွက်ပေါ်လာနေသည်။
မကြာ လှုပ်ရှားမှုလေးတစ်ခုကို အခန်းပေါက်ဝမှာမြင်အပြီးမှာတော့ စုကျုံ့နေတဲ့မျက်ခုံးတန်းတို့ကပြေလျော့သွားပြီး အနည်းငယ်လေးတွန့်ကွေးလာတဲ့နှုတ်ခမ်းပါးတို့က အပြာရောင်တွေခြုံရံထားတဲ့ မျက်ဝန်းလေးတစ်စုံထံမှာ။
"ဘာလို့အဲ့လောက်ကြာနေတာလဲ"
"အဲ့ဒါက ဟို ဟို.."
ပြေးလာ၍ထင်သည် ချွေးစို့ကာ အမောတကောဖြစ်နေရင်း စကားလုံးတို့ကိုအားယူကာပြောနေရတဲ့ ပုံစံငယ်ကိုကြည့်ပြီး သူကအနည်းငယ်ကျေနပ်နေမိသယောင်။
"ငါစိတ်မရှည်တတ်တာမသိဘူးလား"
"အဲ့ဒါက-"
"ဝုန်းး"
ခြေထိုးခြင်းကိုခံလိုက်ရတာကြောင့် လဲကျသွားတဲ့ခန္ဓာကိုယ်ဟာ လက်ထဲက လွတ်ကျသွားတဲ့အစားအသောက်များနဲ့အတူ ရောထွေးလျက်။ အခုဆို ကြမ်းပြင်ထက်မှာ ပေပွနေတဲ့ အနီရောင်ဆော့စ်တွေ အစားအသောက်တွေနဲ့အတူ ဂျယ်ယွန်းတစ်ကိုယ်လုံးလဲပေကျံသွားရသည်။
"ရွံစရာကောင်းလိုက်တာ"
ဆွဲထူပေးခြင်းအလျင်းမရှိပါဘဲ လှောင်ရယ်သံတို့ အနည်းငယ်ထွက်ပေါ်နေတဲ့ ပတ်ဝန်းကျင်မှာ ပေါ်လာတဲ့ တခုတည်းသောအသံဟာ နှစ်ယောက်မရှိတဲ့ သူမုန်းရတဲ့သူရဲ့အသံဆိုတာ မော့မကြည့်တောင် ဂျယ်ယွန်းက အသွေးအသားထဲအထိစိမ့်နေအောင်သိပါသည်။
သူမော့ကြည့်လိုက်တဲ့အခါမှာလဲ ထင်ထားသလိုပဲ အပြာရောင်တွေအနည်းငယ်ရောယှက်နေတဲ့မျက်ဝန်းတို့က သူ့ကို စိတ်ကုန်သလို စိတ်ပျက်သလိုမျက်ဝန်းတွေနှင့် အပေါ်စီးက အုပ်မိုးကာကြည့်နေလေသည်။
YOU ARE READING
Behind The Blue // SungJake
FanfictionBehind the blue, there were thousands of love I couldn't tell you.