"ဒုတ်"
နောက်ကျောထက်လာမှန်တဲ့ အချိုရည်သံဗူးနဲ့အတူ အောင့်သွားရတဲ့သူ့ကျောပြင်။ သို့ပေမယ့်လဲ သူက နောက်ဘက်ကိုလှည့်မကြည့်လိုက်ဘဲ ရေးလက်စစာကိုသာ ဆက်ရေးနေလိုက်သည်။ သူဒီနေ့တော့ ဘာကိုမှထိပ်တိုက်တွေ့ချင်စိတ်မရှိဘူး။ သူ့ဒီနေ့ပင်ပန်းတာထက်ပိုပင်ပန်းနေသည်မို့။ ခန္ဓာကိုယ်က အပူရှိန်တွေကိုလဲ ဂျယ်ယွန်းက အတိုင်းသားခံစားနေရပါသည်။
"ဒုတ်"
အခုတစ်ခေါက်လာမှန်သည်ကလဲ အစောနကလို အချိုရည်ဘူးမှန်း ဂျယ်ယွန်းသိသော်လည်း ဆက်အဖက်မလုပ်ဖြစ်ပါချေ။
"ဒုတ်"
"ဒုတ်"
"ဒုတ်"
"အကြောတင်းလှချည်လား"
နောက်တော့ မနေနိုင်တော့ဘူးထင်ပါသည်။ မျက်ဝန်းပြာတစ်စုံက သူ့ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာသည်။ သူကတော့ မျက်စိရှေ့ရောက်လာတဲ့သူကို တစ်ချက်သာမော့ကြည့်လိုက်ပြီး အကြည့်ပြန်လွှဲကာ ရေးလက်စစာကိုပဲဆက်ရေးနေလိုက်သည်။
"ဟက်"
ရယ်သံသဲ့သဲ့နောက် ရုတ်ချည်းဆွဲယူခံလိုက်ရတဲ့သူ့စာအုပ်နဲ့အတူ
"ဗြီးးးးးးး"
ဆွဲဖြဲခံလိုက်ရတဲ့ သူ့စာအုပ်လေး။
"မင်း!"
"ဘာများကောင်းလို့အဲ့လောက်ရေးနေရတာလဲ"
ပတ်ဆောင်းဟွန်းကတော့ သူ့လုပ်ရက်သူကျေနပ်နေတဲ့မျက်နှာထားနဲ့ဆိုလာရင်း ဖြဲလိုက်တဲ့စာအုပ်အပိုင်းအစတွေကိုသူ့ထံပစ်ပေါက်လာသည်။ ဂျယ်ယွန်းမှာတော့ ထိုသည်ကိုမျက်လုံးမှိတ်ကာ ခံယူလိုက်ရင်း ဒေါသတရားတွေကတော့ အပူရှိန်မြင့်မားနေတဲ့သူ့အဖျားလိုဘဲ တစ်ရိပ်ရိပ်တက်လာတော့သည်။
"အေးဆေးနေစမ်း ပတ်ဆောင်းဟွန်း"
"ငါကဘာလို့မင်းစကားနားထောင်ရမှာလဲ"
ဂျယ်ယွန်း ပတ်ဆောင်းဟွန်းကိုစိတ်ကုန်သလိုသာတစ်ချက်ကြည့်လိုက်သည်။ ဒီကောင်က အမြဲဒီလိုလုပ်နေကြပေမယ့် ဒီနေ့တော့ဂျယ်ယွန်းပိုအထိခိုက်မခံနိုင်ဖြစ်ကာ ပိုစိတ်ကုန်နေရသည်။ သူနေမကောင်းဖြစ်နေတာကြောင့်လဲပါလိမ့်မယ် ဒီနေ့ပတ်ဆောင်းဟွန်းနဲ့ဖက်ပြီးရန်ဖြစ်ဖို့ကို အားအင်မရှိနေတာ။ ထိုသည်ကြောင့်ပဲ သူ ပတ်ဆောင်းဟွန်းကို ဘာမှဆက်ပြီးပြန်ခံပြောမနေတော့ပါဘဲ တစ်ချက်သာစိုက်ကြည့်လ်ိုက်ပြီး ပစ္စည်းပစ္စယများကိုသိမ်းကာ အတန်းလစ်ရန်သာဆုံးဖြတ်လိုက်သည်။
YOU ARE READING
Behind The Blue // SungJake
FanfictionBehind the blue, there were thousands of love I couldn't tell you.