Part 4 : အသူရာချောက်နက်

650 94 16
                                    

"ငါးပေါင်မုန့်သွားဝယ်လာခဲ့.. မိနစ်နှစ်ဆယ်အတွင်း"

ဒါက ရာဇာသံမဟုတ်သလို တစ်ချက်လွှတ်အမိန့်တော်လဲမဟုတ်ပါဘဲ သူ့အတွက်တော့ ဤသည်က စိတ်တစ်ခုလုံးညစ်ထေးသွားအောင် ဆောင်ရွက်နိုင်သည့် အစွမ်းသတ္တိတို့နှင့်ပြည့်ဝနေပါသည်။

လက်ထဲက နာရီကိုငုံ့ကြည့်ရင်းပဲ ဂျယ်ယွန်းစိတ်တို့ ပြန်ကောက်ဆယ်ယူလို့မရအောင်ကို ညစ်ထေးလာရသည်။ နာရီလက်တံမှာတော့ ဆယ့်ငါးမိနစ်ကုန်ဆုံးသွားပြီဖြစ်ကြောင်းဖော်ပြနေလေသည်။

'ပတ်ဆောင်းဟွန်း သောက်ချီးလိုကောင်'

သူတို့ကျောင်းနားမှာက ငါးပေါင်မုန့်ဆိုင်မပြောနှင့် တော့ပိုကီဆိုင်တောင်မှမရှိလှချေ။ ဒီကျောင်းပတ်ဝန်းကျင်က နာမည်ကြီးသူဌေးရပ်ကွက်နေရာဖြစ်သည်မို့ စာသောက်ဆိုင်ကြီးများသာ များပြားနေတာ။ အဲ့ဒါကြောင့် ဒီနေရာမှာ ငါးပေါင်မုန့်ကိုရှာဝယ်တာက ပင်လယ်ထဲကျသွားတဲ့အပ်ကိုရှာသလိုမျိုး ခက်ခဲသည်။ ဒါကိုလဲ ပတ်ဆောင်းဟွန်းက ကောင်းကောင်းသိပါသည်။ သိလို့ပဲ တမင်သူ့ကိုခိုင်းလိုက်တာလေ။

နာရီလက်တံက မိနစ်နှစ်ဆယ်အတိကို ညွှန်ပြလာတဲ့အခါမှာတော့ ဂျယ်ယွန်းရှိရှိသမျှစိတ်အကုန်ကိုလျှော့ချလိုက်တော့သည်။

မမှီတော့ဘူး

အဲ့နောက်တော့ သူ အချိန်ကိုစိတ်ထဲမထည့်ပူပန်မနေတော့ဘဲ ငါးပေါင်မုန့်ရှိနိုင်မယ့်နေရာကိုသာ အေးဆေးလိုက်ရှာနေမိသည်။ အနည်းဆုံးတော့ အချိန်ကျော်သွားတောင် ဝယ်ခိုင်းလိုက်တဲ့ငါးပေါင်မုန့်ပါသွားတာက အနည်းငယ်တော့တော်သေးသည်မလားလေ။

ဤသို့နှင့် ဂျယ်ယွန်း ငါးပေါင်မုန့်ကိုလိုက်ကာရှာဝယ်ရင်း အချိန်မှာတော့ တစ်နာရီနီးပါးကုန်ဆုံးသွားတော့သည်။ သူအစောကတည်းက သိပါတယ် သူနတ်ဆိုးရဲ့ဒေါသတွေ စိတ်မရှည်မှုတွေကို မကြာခင်ကြုံတွေ့ရတော့မယ်ဆိုတာ။ သူကြိုပြီးသိနေသလိုပဲ သူကျောင်းကိုပြန်ရောက်သွားချိန်မှာတော့ စိတ်ပျက်နေတဲ့ပတ်ဆောင်းဟွန်းပုံစံက သူ့ကိုစီးကြိုနေသည်။

သူကတော့ ဒါကိုမှုမနေပါဘူး။ ပိုတောင်ကြိုက်သေးတယ်။ စိတ်ဒုက္ခပေးရလို့ကို ပိုကျေနပ်သေးတယ်။ တကယ်ဆို ဝယ်မရတဲ့ငါးပေါင်မုန့်ကိုဝယ်မနေဘဲ သူပြန်လာလို့ရတယ်။ ဒါပေမယ့် သူ ပတ်ဆောင်းဟွန်းကို တမင်စိတ်ဒုက္ခပေးချင်၍ မရရအောင် အချိန်ဆွဲပြီး ရှာဝယ်နေတာ။ အခုတော့ အကျိုးရလာဒ်အနေနဲ့ ဒေါသထွက်နေတဲ့ကျက်သတုံးနတ်ဆိုးတစ်ကောင်က ဂျယ်ယွန်းကိုကျေနပ်စေပါသည်။

Behind The Blue // SungJakeWhere stories live. Discover now