"မင်း မောင်နဲ့တွဲရမယ် ဂျယ်ယွန်း"
ဒါဟာ ဂျယ်ယွန်းဘဝမှာ ကြားခဲ့ဖူးတဲ့ စကားတွေထဲ ယုတ္တိမရှိဆုံးစကားသာဖြစ်ပါလိမ့်မယ်။
ဂျယ်ယွန်းကတော့ အရူးကောင်ပတ်ဆောင်းဟွန်းရဲ့စကားတွေကို လိုက်မမှီနိုင်ခဲ့ပါ။ ပတ်ဆောင်းဟွန်းက ဘာတွေအရူးထနေမှန်း ဂျယ်ယွန်း တကယ်ပဲ နားမလည်နိုင်တော့ဘူး။
"တကယ် ရူးသွားတာလား ပတ်ဆောင်းဟွန်း"
ထွက်ပေါ်လာတဲ့ ဟက်ခနဲရယ်သံကတော့ နားကြားပြင်းကပ်စရာပါ။
"မင်းအမြင်မှာ ငါ့ပုံစံက နောက်နေတဲ့ပုံပေါက်နေလား?"
အပြာရောင်တွေရောယှက်နေတဲ့မျက်ဝန်းတို့က အခုအချိန်မှာ အတည်ပေါက်ပြောနေတယ်ဆိုတာ ဂျယ်ယွန်းသိတယ်။ အဲ့ဒါကြောင့်ပဲ သူက ပိုပြီးနားမလည်နိုင်ဖြစ်နေတာ။ ဒီလိုစကားမျိုးဆိုတာက.. နောက်ပြီး ဒီလိုစကားမျိုး ပတ်ဆောင်းဟွန်းဆီက ထွက်လာတယ်ဆိုတာက ပတ်ဆောင်းဟွန်း သွက်သွက်ခါအောင် ရူးနေတဲ့အချိန်မျိုးမှာမှ ထွက်လာနိုင်တဲ့စကားမျိုးမဟုတ်ဘူးလား။ ဂျယ်ယွန်းကတော့ တကယ့်ကို ဒီအခြေအနေကို လိုက်မမှီနိုင်နေပါ။
"ဘာတွေကြံစည်နေပြန်တာလဲ ပတ်ဆောင်းဟွန်း"
ခပ်လွင့်လွင့်ရယ်သံထွက်ပေါ်လာတဲ့ ပတ်ဝန်းကျင်က သာယာငြိမ့်ညောင်းဖွယ်ကောင်းအောင် တိတ်ဆိတ်နေသည်မှာတော့ ဩချလောက်စရာကောင်းအောင်ပဲ။ ဒီလိုအခြေအနေမျိုးက နတ်ဆိုးတစ်ကောင် ကမ္ဘာကိုဝါးမြိုလာသလိုခံစားရစေတာမို့ ဂျယ်ယွန်းကတော့ မကြိုက်ဘူး။
"ငါနဲ့တွဲဖို့ပြောတဲ့စကားကို ဘာလို့အဲ့လောက် အကျယ်တဝင့်ချဲ့နေတာလဲ .. ဘာလဲ ရင်ခုန်သွားလို့လား"
"လဲသေလိုက်ပါလား"
ထပ်မံ၍ အူလှိုက်သဲလှိုက်ရယ်မောလာတဲ့ ပတ်ဆောင်းဟွန်းကို ဂျယ်ယွန်းကတော့ စိတ်ရှိတိုင်းသာဆို နောက်ဘယ်တော့မရယ်မောနိုင်တော့အောင် ဆွဲထိုးပစ်ချင်လာသည်။
YOU ARE READING
Behind The Blue // SungJake
FanfictionBehind the blue, there were thousands of love I couldn't tell you.