"ဂျယ်ယွန်း ဘာလို့မောင့်ကိုမကြည့်တာလဲ"
"ဂျယ်ယွန်း ဘာလို့မောင့်ကိုစကားမပြောတာလဲ"
"ဂျယ်ယွန်း ဘာလို့မောင့်ကိုရှောင်နေတာလဲ"
"ရှင်းမ်ဂျယ်ယွန်း မောင်ပြောနေတယ်လေ"
"ရှင်းမ်ဂျယ်ယွန်း ဒီကိုကြည့်!"
လက်ကောက်ဝတ်ကိုဆောင့်ဆွဲလိုက်မှုကတော့ ခပ်ပြင်းပြင်းပဲ။ ထိုအခါမှ ဂျယ်ယွန်းက တစ်မနက်လုံးပတ်ရှောင်နေခဲ့တဲ့ မျက်ဝန်းပြာတွေကို အတိုင်းသားဆုံတွေ့ရတော့သည်။
"ဘာဖြစ်နေတာလဲ"
အခုအခြေအနေမှာ ပတ်ဆောင်းဟွန်းက စိတ်တိုဒေါသထွက်ခြင်းတော့မဟုတ်ပေမယ့် မျက်နှာချောချောထက်မှာ စိတ်ရှုပ်စိတ်မကြည်လင်ခြင်းတွေကို အတိုင်းသားမြင်ရသည်။ မျက်ခုံးတို့လည်း စုကျုံ့နေပြီး အခုသူ့ကိုစူးစိုက်ကြည့်နေတဲ့မျက်ဝန်းပြာတွေက စိတ်ရှုပ်ခြင်းတွေပြည့်သိပ်နေတာ။
"ဘာဖြစ်လို့ မောင့်ကိုရှောင်နေတာလဲ"
"ဘာမှရှောင်မနေဘူး"
"မလိမ်နဲ့"
ပတ်ဆောင်းဟွန်းကတော့ စိတ်လွတ်ကိုယ်လွတ်ဆိုနေပေမယ့် ဂျယ်ယွန်းမှာတော့ ပတ်ဝန်းကျင်ကိုအကဲခတ်ရသေးသည်။ အခုဂျယ်ယွန်းတို့က စာကြည့်တိုက်ထဲ ထောင့်စွန်းကျသည့် စာအုပ်စင်ရှေ့မှာရှိနေပြီး အခြားနေရာကကြည့်မယ်ဆိုရင် သေချာစွာမမြင်ရတဲ့နေရာ၌ရှိနေကြသည်။
"လိမ်လည်းလိမ်မနေဘူး"
လက်ရစ်နွယ်မှုကနေ ရုန်းထွက်ဖို့လုပ်ပေမယ့် ပတ်ဆောင်းဟွန်းက ရုန်းထွက်ဖို့အခွင့်ကိုပေးမလာ။
"အဲ့ဒါဆို ဘာဖြစ်နေတာလဲ"
"ဘာမှဖြစ်မနေဘူး"
"ဘာမှမဖြစ်ရင် ဘာကိစ္စမောင့်ကိုရှောင်နေရတာလဲ မင်းတစ်မနက်လုံးမောင့်ကိုရှောင်နေတာ မောင်မသိဘူးမထင်နဲ့ မနက်ကလည်း ကျောင်းအတူသွားဖို့ကို စောင့်မနေဘူး"
ဂျယ်ယွန်းကတော့ အသံတိတ်သွားသည်။
တကယ်ဆို ဂျယ်ယွန်း ပတ်ဆောင်းဟွန်းကိုရှောင်နေတယ်ဆိုတာမှန်ပါသည်။ မနက်က နေ့တိုင်းကျောင်းအတူသွားဖို့စောင့်ဆိုင်းတဲ့နေရာမှာ ဂျယ်ယွန်း ပတ်ဆောင်းဟွန်းကိုစောင့်မနေသလို တစ်မနက်လုံးလည်း ပတ်ဆောင်းဟွန်းနဲ့အကြည့်ချင်းမဆုံ။ ပတ်ဆောင်းဟွန်းကို တစ်ချက်လေးတောင်မကြည့်တဲ့ဂျယ်ယွန်းက ပတ်ဆောင်းဟွန်းစကားပြောလာသည်တွေကိုလည်း တောက်လျှောက်လစ်လျှူရှုထားခဲ့တာ။ နေ့လည် ထမင်းစားချိန်မှာတောင်မှ ကန်တင်းထဲရောက်လာတဲ့ပတ်ဆောင်းဟွန်းကိုမြင်သည်နှင့် ဆက်မစားတော့ဘဲ ထထွက်လာခဲ့ကာ အခု စာကြည့်တိုက်ကိုရောက်လာရတဲ့အထိပင်။
![](https://img.wattpad.com/cover/351850559-288-k855568.jpg)
YOU ARE READING
Behind The Blue // SungJake
FanfictionBehind the blue, there were thousands of love I couldn't tell you.