Part 5 : မင်းကိုငါပဲထိမယ်

566 85 12
                                    

"ဆောင်းဟွန်း ဒီနေ့ကျောင်းမလာဘူးလား?"

"အင်း မလာဘူးတဲ့"

ဂျယ်ယွန်းအတွက် ဒီနေ့ဟာ ပျော်စရာနေ့ဖြစ်စေတဲ့အကြောင်းအရင်းကား ဤသည်သာဖြစ်သည်။

အနောက်တန်းကစကားသံတွေကိုကြားပြီးနောက်မှာ လွတ်နေတဲ့သူ့ဘေးခုံက ဂျယ်ယွန်းကိုတောက်လျှောက်ပြုံးနေစေသလို စိတ်ကလေးကိုပါ ကြည်လင်လန်းဆန်းနေစေသည်။ ပတ်ဆောင်းဟွန်းကျောင်းမလာတဲ့နေ့ဆိုတာက သူ့အတွက်တော့ နိဗ္ဗာန်ပါပဲ။ နေ့တိုင်းကျောင်းမလာပါနဲ့လို့ ဆုတောင်းပြီး အဲ့ဆုတောင်းပြည့်ချင်တဲ့အထိကိုဖြစ်ရသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ဂျယ်ယွန်းပျော်ပါသည်။ အကြာကြီးနေမှ ကျောင်းဖွင့်ရက်တွေမှာ ပျော်ရွှင်ခြင်းတွေ ကပ်ပါလာတဲ့နေ့ကိုခံစားရတာပင်။

စာသင်ရတာကိုတောင် ပျော်နေသလိုခံစားချက်ကို ဒီနေ့မှ ဂျယ်ယွန်း ခံစားနေရတာ။ သင်ခန်းစာတွေကိုလဲ ကောင်းကောင်းပ်ိုလုပ်နိုင်ပြီး စိတ်ကလေးကြည်နေတာမို့ သင်သမျှလည်းခေါင်းထဲအကုန်ဝင်နေသည်။ တစ်ချက် တစ်ချက်ဆို ခပ်ရေးရေးအပြုံးလေးတစ်ခုကပါ ဂျယ်ယွန်းနှုတ်ခမ်းတို့ထက်မှာ ချိတ်ဆွဲလာသေးသည်။

နတ်ဆိုးတစ်ယောက်ရဲ့ သူ့ကမ္ဘာအပေါ်သက်ရောက်မှုက အနည်းငယ်တော့ အင်အားခပ်များများဖြစ်နေတာပဲ။ ပတ်ဆောင်းဟွန်းရှိရင် ဂျယ်ယွန်းကစိတ်ညစ်ရပြီး ပတ်ဆောင်းဟွန်းမရှိရင်တော့ ဂျယ်ယွန်းက ပျော်ရသည်။ သူ့ရဲ့ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းတွေက ဒီလိုမျိုးလူတစ်ဦးအပေါ်ကျရောက်နေတာကို ဂျယ်ယွန်းက သိပ်တော့မကြိုက်လှပေမယ့် ဒီနေ့တော့ သူ ပတ်ဆောင်းဟွန်းအကြောင်းမတွေးချင်ပါ။ ထိုသည်ကြောင့်ပဲ ပတ်ဆောင်းဟွန်းအကြောင်းကို ခေါင်းထဲကနေ ထုတ်လိုက်ပြီး ဒီနေ့ နေ့လည်စာဘာကျွေးလောက်လဲဆိုတာကိုသာ စိတ်ရွှင်လန်းမှုတွေနဲ့ ဂျယ်ယွန်းတွေးလိုက်ပါ၏။

နေ့လည်စာစားချိန် ကန်တင်းမှာတော့ နေ့လည်စာအဖြစ် ဂျယ်ယွန်းအကြိုက် ဝက်သားပြားကြော်နဲ့ ကင်မ်ချီဟင်းရည်ကိုကျွေးတာမို့ ဒီနေ့ ဂျယ်ယွန်းရဲ့အပျော်တွေဟာ နှစ်ဆတိုးသွားသယောင်။ ပုံမှန်ဆို သူက ပတ်ဆောင်းဟွန်းကြောင့် နေ့လည်စာကိုတောင် ကောင်းကောင်းမစားခဲ့ရတာမို့ ဒီနေ့တော့ ဂျယ်ယွန်း သူ့နေ့လည်စာကို ကောင်းကောင်းစားရမည်။ အကြာကြီးနေမှ ဂျယ်ယွန်းက ပျော်ရွှင်စရာကျောင်းသားလူငယ်ဘဝကို ဖြတ်သန်းရသလို ခံစားချက်ကိုတောင် ရလာမိပါသည်။

Behind The Blue // SungJakeWhere stories live. Discover now