ခပ်ဖြည်းဖြည်းလေးပွင့်အလာတဲ့ မျက်ဝန်းတို့ရဲ့အဆုံး ဂျယ်ယွန်းထံပထမဆုံးဝင်ရောက်လာသည်မှာတော့ ကိုက်ခဲမူးနောက်နေသည့် ဦးခေါင်းပင်။
လှဲနေရာကနေ တန်းတောင်မထနိုင်သေးဘဲ ဂျယ်ယွန်းက မျက်မှောင်ကိုကျုံ့ရင်း ကိုက်ခဲနေတဲ့ဦးခေါင်းကြောင့် မနေနိုင်စွာ ဟိုလှိမ့်ဒီလှိမ့်ပါလုပ်လိုက်ရသေးသည်။ ထို့နောက်တွင်တော့ နားထင်ထက် လက်ချောင်းတို့နဲ့ ဖိကာ နှိပ်နယ်ရင်း ဂျယ်ယွန်း လှဲအိပ်နေရာကနေ ခပ်ဖြည်းဖြည်းထထိုင်လိုက်သည်။
အသိစိတ်တွေ အမြင်အာရုံတွေ တစ်စစီပြန်လည်ကပ်ပြီးနောက်မှာ အခု ဂျယ်ယွန်းကို ကြိုဆိုနေသည့် ပတ်ဝန်းကျင်က သူသိသည့်နေရာမဟုတ်။ အသိစိတ်တို့အလုံးစုံပြန်ကပ်အပြီး အခု ဂျယ်ယွန်းရောက်နေသည့်နေရာဟာ သူ့အိမ်မဟုတ်မှန်းသိလိုက်ရချိန်မှာ ခေါင်းထိုးကိုက်နေခြင်းတွေပါ ပျောက်ကင်းသွားတဲ့အထိ ခေါင်းနပန်းကြီးသွားရ၏။
သူကအခုဘယ်ရောက်နေတာလဲ..
သူကအခုဘယ်မှာ..ကုတင်ပေါ်ကနေဆင်းလျက် အခန်းအတွက် လျှောက်ကာစူးစမ်းကြည့်သည့်အခါတွင်တော့ ဒါဟာ ဟိုတယ်အခန်းတစ်ခုထဲရောက်နေမှန်း ဂျယ်ယွန်း သိသွားရသည်။ ထိုသည်ကြောင့် စိတ်ချရမယ်မကြံသေးပါ။ ပြောင်းလဲနေသည့် မိမိခန္ဓာကိုယ်ထက်က အဝတ်အစားများကြောင့် ဂျယ်ယွန်းဟာ ထုံထိုင်းနေသည့် ဦးနှောက်အား အလုပ်ပေးရပြီ။
ညက ဘာတွေဖြစ်ခဲ့တာလဲ? ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ? ဘယ်သူကခေါ်ပေးလာတာလဲ? အဖွဲ့သားတွေလား? .. အင်္ကျီကိုရော ဘယ်သူလဲပေးထားတာလဲ?
တရေစပ်ထွက်ပေါ်လာတဲ့ မေးခွန်းတွေနောက်မှာ ဂျယ်ယွန်းက ဦးနှောက်ကိုအလုပ်ကြီးပေးရပြီ။ မန်မိုရီတွေကို ပြန်လည်ခေါ်ယူကြည့်လိုက်တော့ ညက အတော်သောက်မိပြီး အသိစိတ်လွတ်ကာ မူးရူးနေသည်အထိတော့ ဂျယ်ယွန်းမှတ်မိပါရဲ့။ ထိုနောက်ပိုင်းမှာတော့ ပိတ်ကားတစ်ခုကို အမှောင်ချထားသလို ပကတိရှင်းလင်းနေသည့်အခါ ဂျယ်ယွန်းက တစ်ခုလေးကိုတောင်မှ စဉ်းစား၍မရချေပါ။
ဘယ်လောက်ပဲစဉ်းစားစဉ်းစား ဂျယ်ယွန်းက အပိုင်းအစလေးတစ်ခုကိုတောင် ခပ်ရေးရေးလေးစဉ်းစားမရနေဘူး။ ခက်တာပါပဲ။ အရက်ဟာ တကယ်ကို သူ့ဘဝရဲ့ ဒုတိယအကြီးမားဆုံးရန်သူပါပေ။
YOU ARE READING
Behind The Blue // SungJake
FanficBehind the blue, there were thousands of love I couldn't tell you.