Part 17 : နွေးထွေးတဲ့ရင်ခွင်ငယ်တစ်စုံ

594 86 80
                                    

တကယ်ဆို ဆောင်းဟွန်းက လိုတရကလေးငယ်တစ်ဦးရယ်ပါ။

မွေးဖွားလာကတည်းက လုပ်ငန်းစုကြီးတစ်ခုရဲ့မြေးအဖြစ် ရွှေဇွန်းကိုက်ပြီးမွေးဖွားလာခဲ့သည်မို့ မရှိဆိုတဲ့စကားမကြားရအောင် အရာရာဟာပြည့်ပြည့်စုံစုံ။ လိုချင်တာရှိလာတဲ့အခါ နှစ်ခါပူဆာစရာအောင်မလိုအောင်အထိ ဆောင်းဟွန်းရဲ့ဘဝက ရွှေကြာပန်းလေးသဖွယ်ဖြစ်ပါ၏။

သို့ပေမယ့် အစစအရာရာ အဖက်ဖက်ကနေ ပြီးပြည့်စုံနေတဲ့ ဆောင်းဟွန်းဘဝမှာ တစ်ကိုယ်တည်းသတ်မှတ်ထားချက်တွေတော့ရှိတယ်။ အဲ့ဒါတွေကတော့ ပထမဆုံးအနေနဲ့ မာမီက သူ့ကိုမချစ်ဘူး။

အစကတော့ ဆောင်းဟွန်းက ဒါကိုထင်ယောင်ထင်မှားဖြစ်တယ်ထင်ခဲ့ပေမယ့် တဖြည်းဖြည်းပိုသိလာရပြီးနောက်မှာ မာမီက သူ့ကိုမချစ်မှန်း ဆောင်းဟွန်းကသေချာအတိအကျသိသွားခဲ့ရတယ်။ မာမီ့အတွက် အချစ်ဆုံးက သူမဟုတ်ဘဲ မာမီ့ရဲ့ကုမ္ပဏီ။ မာမီ ဆောင်းဟွန်းထက်ပိုပြီးအလေးထားရတာက ဘိုးဘိုးရဲ့အမြင်ကြည်မှု။ မာမီ့ဘဝရဲ့ နံပါတ်တစ်က သူမဟုတ်ဘဲ မာမီ့ရဲ့အောင်မြင်မှု။ 9 နှစ်အရွယ် ဆောင်းဟွန်းရဲ့မွေးနေ့မှာ မာမီက သူ့မွေးနေ့ကိုအတူကျင်းပပေးပါမယ်လို့ကတိပေးထားတာကိုဖျက်ပြီး ကုမ္ပဏီညစာစားပွဲကိုပဲသွားခဲ့ကတည်းက ဆောင်းဟွန်းဟာ ပြတ်ပြတ်သားသားသိသွားခဲ့ရတာပါ။ မာမီက သူ့ကိုလုံးဝမချစ်ဘူး။ ဒါပေမယ့်လည်း ဆောင်းဟွန်းက အဲ့ဒါကိုမှုမနေဘူး။ ဘာလို့ဆို ဆောင်းဟွန်းမှာ သူ့ကိုသိပ်ချစ်တဲ့ ဒယ်ဒီရှိလို့ပဲ။

ဒယ်ဒီအကြောင်းဆက်ရရင်တော့ ဒယ်ဒီဟာ မာမီနဲ့သိပ်ကိုကွာခြားတဲ့သူ။ မာမီက အမြဲရုပ်တည်တည်နေတတ်တယ်ဆိုရင် ဒယ်ဒီက အမြဲကြည်ကြည်သာသာနဲ့ပြုံးနေတတ်တဲ့သူ။ ဒယ်ဒီ့နှုတ်ခမ်းစွန်းလေးတွေက သိပ်ကိုလှပြီး ဆောင်းဟွန်းကိုယ်တိုင်ပါ အဲ့သည်နှုတ်ခမ်းစွန်းလေးတွေ သူ့မှာရှိချင်တဲ့အထိပဲ။ ဒါပေမယ့် ကံဆိုးစွာပဲ ဆောင်းဟွန်းမှာတော့ ပါမလာခဲ့ပါဘူး။ ဆောင်းဟွန်းက မာမီနဲ့ပဲပိုတူခဲ့သည်မို့။

မာမီနဲ့ကွဲပြားလွန်းစွာပဲ ဒယ်ဒီ့အတွက် နံပါတ်တစ်ဟာ ဆောင်းဟွန်းဖြစ်ပြီး ဒယ်ဒီအချစ်ဆုံးဟာလဲ ဆောင်းဟွန်းပါပင်။ ဒယ်ဒီ့ရဲ့အချိန်တွေအကုန်လုံးဟာလဲ ဆောင်းဟွန်းအပိုင်ဖြစ်ပြီး ဒယ်ဒီက ဆောင်းဟွန်းကို အမြဲတစေပျော်အောင်ထားပေးတဲ့သူရယ်ပါ။ ဆောင်းဟွန်းလိုချင်တာရှိတိုင်း ဒယ်ဒီဟာ အပြေးအလွှားဖြည့်စည်းပေးခဲ့ပြီး ဆောင်းဟွန်းဘဝရဲ့အချိန်တိုင်းမှာ ဒယ်ဒီက အမြဲသူ့ဘေးနားမှာရှိခဲ့တာပါ။ ဒယ်ဒီက ဆောင်းဟွန်းကိုအချစ်ဆုံးပါလို့ပြောခဲ့ပြီး သူများနဲ့မတူတဲ့ ဆောင်းဟွန်းမျက်ဝန်းထဲမှာပါဝင်နေတဲ့ အပြာရောင်တွေကိုလဲ ဒယ်ဒီက ကမ္ဘာပေါ်မှာအလှဆုံးလို့ အမြဲတဖွဖွပြောတတ်တယ်။ ဒယ်ဒီ့ကြောင့်နဲ့မှ ဆောင်းဟွန်းက သူ့မျက်ဝန်းထဲကအပြာရောင်တွေကို သိပ်သဘောကျသွားခဲ့ရခြင်းပင်။

Behind The Blue // SungJakeWhere stories live. Discover now