"ရှင်းမ်ဂျယ်ယွန်း ဘယ်မှာရှိလဲ"
"ရှင်းမ်ဂျယ်ယွန်း ခဏ"
"ရှင်းမ်ဂျယ်ယွန်း လာခဲ့ပါဦး"
"ရှင်းမ်ဂျယ်ယွန်း မလာသေးဘူးလား?"
"ရှင်းမ်ဂျယ်ယွန်း....."
"ရှင်းမ်ဂျယ်ယွန်း....."
"ရှင်းမ်ဂျယ်ယွန်း....."
"ရှင်းမ်ဂျယ်ယွန်း....."
ဂျယ်ယွန်း ဒီရက်တွေအတွင်း အများဆုံးကြားနေရသည်မှာ သူ့အမည်နာမခေါ်သံဖြစ်ပြီး အများဆုံးမြင်တွေ့နေရသည်မှာတော့ အပြာရောင်အချို့ဖြစ်သည်။
အလုပ်လာချိန်ကစလို့ အလုပ်ဆင်းချိန်အထိ အချ်ိန်တ်ိုင်းနီးပါး ဒါရိုက်တာချုပ်တစ်ဖြစ်လဲ ပတ်ဆောင်းဟွန်းဟာ ဂျယ်ယွန်းနာမည်ကို တစ်ကျီကျီတစ်စာစာခေါ်နေတတ်ပြီး အမြဲလိုလို ဂျယ်ယွန်းမျက်စိရှေ့မှာရှိနေတတ်သည်။ ဂျယ်ယွန်းအတွက်တော့ ကောင်းမွန်ခြင်း တစ်စိုးတစ်စမျှမရှိနေသည့် အလုပ်နေ့ရက်တွေလို့ဆိုလျှင်မမှားပါ။
"ရှင်းမ်ဂျယ်ယွန်းရော"
အခုလဲ ခဏနားချိန်မှာ စိတ်ပြေလက်ပျောက် ကော်ဖီသောက်ရန်ဖျော်နေချိန် ထွက်ပေါ်လာတဲ့ပတ်ဆောင်းဟွန်းရဲ့အသံကတော့ အတိုင်းသားပင်။ ဂျယ်ယွန်းမှာတော့ ကော်ဖီဖျော်ခြင်းအမှုကို လက်စသတ်လျက် ကျစ်ခနဲစုတ်သပ်လိုက်မိသည်။
အရင်အပေါက်ဆိုးတဲ့ ဌာနမှူးကမှ တော်ဦးမယ်
ကံတရားဟာ ဂျယ်ယွန်းရဲ့အလုပ်ခွင်နေ့ရက်တွေကို အမြဲမကောင်းမမွန်ဖြစ်စေချင်သည်ထင်ပါသည်။ အရင်အလုပ်တုန်းကတော့ အပေါက်ဆိုးတဲ့ဌာနမှူးဒဏ်တွေကို ဂျယ်ယွန်းအတော်ခံခဲ့ရပြီး အခုအလုပ်တွင်တော့ အပေါက်ဆိုးတဲ့အရင်ဌာနမှူးထက် အဆတစ်ရာလောက် ပိုအောကြောလန်စရာကောင်းတဲ့ အဆိုးတကာ့အဆိုးဆုံးအလုပ်ရှင်နဲ့ တွေ့နေရသည်မဟုတ်လား။ ဂျယ်ယွန်းဘဝဟာလည်း မလွယ်ကူလှချေပါ။
ထို့နောက်တွင်တော့ ဂျယ်ယွန်းစိတ်ကုန်စွာနဲ့ ခေါင်းသာခါလိုက်မိပြီး ခြေလှမ်းတွေကတော့ တစ်စုံတစ်ဦးရှိရာဆီ အသော့နှင်ရသည်။
YOU ARE READING
Behind The Blue // SungJake
FanfictionBehind the blue, there were thousands of love I couldn't tell you.