Part 19 : မောင့်အနားမှာပဲနေပါ

614 82 147
                                    

အိမ်ပြန်ခြေလှမ်းတွေထံ ခြေလှမ်းတစ်စုံဟာ ကပ်ပါလာသေးပေမယ့် ပုခုံးစွန်းတစ်ခုဘေးမှာ ငြိတွယ်နေတဲ့ ပုခုံးစွန်းတစ်ဖက်ဟာလဲ မပြောင်းမလဲရှိနေသေးပေမယ့် ခံစားချက်အချို့ကတော့ ပြောင်းလဲသွားပုံပင်။

ဂျယ်ယွန်းရဲ့ဘေးမှာ သူနဲ့ခြေလှမ်းတွေအပြိုင်လှမ်းနေတဲ့ခြေလှမ်းတစ်စုံပိုင်ရှင်ဟာရှိနေပေမယ့် ခံစားချက်တွေဟာ လွန်ခဲ့တဲ့နေ့ရက်တွေနှင့်မတူ တမျိုးတဖုံကွဲပြားနေသည်။ စိတ်လုံခြုံခြင်းတွေကိုမခံစားရတော့ဘူး။ မှီခိုအားထားခြင်းဆိုတဲ့ ခံစားချက်အရိပ်အယောင်ကိုလဲရှာမတွေ့တော့ဘူး။ ကမ္ဘာလည်ပတ်ပုံ ပုံစံတစ်မျိုးပြောင်းသွားခြင်းရဲ့နောက်မှာ ဆိုးကျိုးတွေတော့ သိပ်များသည်ပဲ။

ဂျယ်ယွန်းနဲ့ ပတ်ဆောင်းဟွန်းရဲ့ကြား လေထုက ဒီရက်ပိုင်းအတွင်း အေးစက်စွာ ငြိမ်သက်နေသည်မှာ ကြာမြင့်ခဲ့ပါပြီ။ ရှေးယခင်အချိန်တွေကလို ထပ်တူညီခြင်းတွေကို ပြုလုပ်နေသည့်တိုင်အောင် တူညီမှုတွေကို တစိုးတစလေးတောင်မခံစားရတော့ဘူး။ ထမင်းအတူစားတိုင်း မဟုတ်လဲ ပုခုံးစွန်းနှစ်ဖက်ယှဉ်နေတိုင်း ဒါမှမဟုတ်လဲ အခုလိုအိမ်ပြန်ချိန်နာရီလက်တံတွေတိုင်း ဖြစ်တည်ခဲ့တဲ့အခိုက်အတန့်တွေက အချိုးအစားပြောင်းလွန်းသွားတယ်။ နွေးထွေးခြင်းတွေကို အပြာရောင်တွေထံမှာ ဂျယ်ယွန်းက ရှာလို့မတွေ့နေခဲ့ဘူး။

စည်းခြားသွားခြင်းတစ်ရပ်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဂျယ်ယွန်းနဲ့ပတ်ဆောင်းဟွန်းကြား ကာစီးနေတဲ့တံတိုင်းက အမုန်းတရားကိုအခြေခံသည်မို့ သိပ်ကိုခိုင်ခံ့လွန်းတယ်။ ကိုယ်စီအရပ်ဒေသတွေဆီမထွက်ခွါခဲ့ပါက လမ်းဆုံးသွားမည့် သည်တံတိုင်းဟာ သူတို့နှစ်ယောက်ကြားမှာ အကျအနကို ကာစီးပိတ်စို့ထားခဲ့ပါပြီ။

"စိတ်တွေဘယ်ရောက်နေတာလဲ သေတော့မှာပဲ!"

ကားဟွန်းသံတီခနဲနောက် ပတ်ဆောင်းဟွန်းရဲ့အသံကျယ်ကိုကြားမှ ဂျယ်ယွန်းက အတွေးလွန်နေရာမှအသိပြန်ကပ်သည်။ လမ်းကူးခါနီးစပ်ကြား မီးနီပြနေဆဲအချိန်မှာ အတွေးထဲမျောပါနေရင်း လမ်းမပေါ်ခြေလိုက်သည်မို့ ကားတိုက်ခံရတော့မလိုဖြစ်သည့်ဂျယ်ယွန်းကို ပတ်ဆောင်းဟွန်းက စိုးရိမ်တစ်ကြီးမျက်နှာရိပ်နှင့် လှမ်းဆွဲထားပေးနေခြင်းဖြစ်၏။ ပတ်ဆောင်းဟွန်းသာ မကယ်ရင် ဂျယ်ယွန်းအခုတကယ်ကြီးသေသွားလောက်ပြီထင်တယ်။

Behind The Blue // SungJakeWhere stories live. Discover now