နေ့သစ်တစ်ခုစတင်လာချိန်မှာ ဂျယ်ယွန်းရဲ့စိတ်တို့ကတော့ စတင်ခြင်းတွေမှာပျော်မွေ့မနေဘဲ ခပ်ထိုင်းထိုင်းဖြစ်နေသည်။
ထို့အတူ ဂျယ်ယွန်းမျက်နှာက အရောင်တွေမှာလဲ အခုထိမကျသေးဘဲ အနည်းငယ်ယောင်နေသေးသည်။ လူရမ်းကားတွေထိုးသွားတဲ့ ဒဏ်ရာတွေရယ် နောက်ပြီး ပတ်ဆောင်းဟွန်းထိုးသွားတဲ့ ဒဏ်ရာရယ်။
ဂျယ်ယွန်းဒီနေ့ ကျောင်းလာတာနောက်ကျသည်မို့ သူအတန်းထဲခြေချလိုက်စဉ်မှာတော့ လူအတော်အများ အကုန်နီးပါးရောက်နေကြပြီ။ သို့ပေမယ့် သူ့ဘေးခုံကနေရာဟာတော့ ခုထိလွတ်နေဆဲရယ်မို့ ဒီနေ့လဲ ပတ်ဆောင်းဟွန်းကျောင်းမလာဘူးလားဆိုတဲ့အတွေးကို ဂျယ်ယွန်းတွေးမိသွားသည်။ ဒါပေမယ့်လဲ အခု ဂျယ်ယွန်းဆီမှာ ဟိုတစ်နေ့ကလို ပျော်ရွှင်စိတ်တွေတော့ ဝင်မလာတော့ပါ။ ဘာလို့လဲဆို ဂျယ်ယွန်းရဲ့နေ့ရက်တွေက ပတ်ဆောင်းဟွန်း ကျောင်းလာသည်ဖြစ်စေ မလာသည်ဖြစ်စေ ပျော်စရာမကောင်းတော့မှာ ဂျယ်ယွန်းသဘောပေါက်သွားတာကြောင့်ပင်။
နောက်တော့ ဂျယ်ယွန်းက လေးလေးပင်ပင်ပဲ ခုံမှာထိုင်လိုက်သည်။ မကြာခင် အတန်းစတော့မှာမို့ စာအုပ်တွေ ဘောပင်တွေကိုပါ တစ်ခါတည်းထုတ်လိုက်ပြီး ခုံပေါ်တင်ထားလိုက်၏။
ခဏအကြာမှာတော့ အတန်းချိန်ရောက်လာပြီမို့ ဆရာမလည်းအခန်းထဲဝင်လာတော့သည်။ သို့ပေမယ့် ဆရာမတစ်ယောက်တည်းမဟုတ်ဘဲ ဘေးတွင်ကျောင်းသားတစ်ဦးလဲပါသေးသည်။ ထိုကျောင်းသားကိုမြင်သည်နှင့် တစ်ခန်းလုံးဟာလဲ လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။
"ဒီနေ့ တီချယ်တို့အခန်းကို ကျောင်းသားသစ်တစ်ယောက်ပြောင်းလာတယ် .. မိတ်ဆက်လိုက်ပါဦး ကျောင်းသားသစ်လေး"
တီချယ်က ထိုသို့ဆိုပြီးတဲ့အခါ တည်တည်ကြည်ကြည်မျက်နှာနဲ့ မျက်နှာစိမ်းကျောင်းသားလေးဟာတော့ အတန်းသားတွေဘက်ဦးတည်ရင်း
"ပတ်ဂျုံဆောင်းလို့ခေါ်ပါတယ် ... ရှေ့လျှောက်သေချာအကူအညီတောင်းပါတယ်"
"ဟဲ့ ချောလိုက်တာ"
"နာမည်ကလဲ မိုက်တယ်ဟ"
"မင်းသားလေးတစ်ဦးထပ်ရောက်လာတာပဲ"
YOU ARE READING
Behind The Blue // SungJake
FanficBehind the blue, there were thousands of love I couldn't tell you.