Part 11 : နားလည်ရခက်တဲ့မျက်ဝန်းပြာတွေ

479 77 86
                                    

ဂျယ်ယွန်းခါထုတ်လိုက်သည့်လက်ကို ပတ်ဆောင်းဟွန်းက နောက်တစ်ကြိမ်ဆုပ်ကိုင်လာသည့်အခါ လက်ကောက်ဝတ်ထံ အနွေးဓာတ်တစ်ခုကတော့ ထပ်မံကိန်းဝပ်လာသည်။

"လိုက်ခဲ့"

ဂျယ်ယွန်းစိတ်လိုလက်ရပေါက်ကွဲထားသည်များကို ဂရုမစိုက်သလိုအနေအထားနဲ့ ပတ်ဆောင်းဟွန်းက ဂျယ်ယွန်းလက်ကိုပဲခပ်တင်းဆင်းဆုပ်ကိုင်လာရင်း နေရာကနေဆွဲခေါ်သွားဖို့လုပ်သည်။

"မလိုက်ဘူး"

သို့ပေမယ့် ဂျယ်ယွန်းဟာ တောင့်ခံထားသည့်အခါ ပတ်ဆောင်းဟွန်း ဂျယ်ယွန်းကို စိတ်ရှိတိုင်းဆွဲခေါ်သွားဖို့က သိပ်လွယ်ကူမနေတော့။ ထိုအခါ ပတ်ဆောင်းဟွန်းကတော့ စိတ်မရှည်တော့သည့်မျက်နှာအရိပ်အယောင်တို့နှင့်ပါ။

"လိုက်ခဲ့လို့ ရှင်းမ်ဂျယ်ယွန်း"

စိတ်ရှည်ခြင်းတစ်စိုးတစမျှကပ်ငြိမနေသည့် အသံကတော့ အထင်းသား။

"မလိုက်ဘူးလို့"

"ကျစ်"

"ဟ ဟိတ်ကောင်! ဘာလုပ်တာလဲ"

လျင်လျင်မြန်မြန်ပဲ သူ့ကိုကောက်ပွေ့လာသည့် ပတ်ဆောင်းဟွန်းကြောင့် ဂျယ်ယွန်းမှာ မျက်လုံးပြူး မျက်စံပြူး။ အရုပ်လေးတစ်ရုပ်ကိုကောက်ပွေ့သလိုများမှတ်နေသလားတော့မသိပေမယ့် ဂျယ်ယွန်းခန္ဓာကိုယ်လေးက ပတ်ဆောင်းဟွန်းလက်ထဲ ဆွေ့ခနဲရယ်။

"ပြန်ချပေး! ပြန်ချပေးလို့! ပတ်ဆောင်းဟွန်း!"

ဂျယ်ယွန်းကိုပွေ့ချီထားရင်း ခြေလှမ်းတွေကိုရှေ့ဆက်နေပြီဖြစ်တဲ့ပတ်ဆောင်းဟွန်းကတော့ ဂျယ်ယွန်းစကားတွေကို လစ်လျူရှုလာ၏။

"လွှတ်လို့ ပြန်ချပေးလို့ ဟိတ်ကောင်"

"အသံထပ်ထွက်ရင် အဲ့နှုတ်ခမ်းတွေကိုပေါက်ထွက်တဲ့အထိနမ်းပစ်မှာနော်"

မျက်ဝန်းတွေကိုတည့်တည့်စိုက်ကြည့်လာရင်း တစ်ခွန်းချင်းအသေအချာဆိုလာသည့် စကားလုံးတို့နောက် ဂျယ်ယွန်းရဲ့စကားသံတို့ကတော့ တိခနဲရယ်။

တကယ်ဆို ဂျယ်ယွန်းက ကြောက်လို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် သူက သူ့ရဲ့ပထမဆုံးအနမ်းကိုတော့ ပတ်ဆောင်းဟွန်းကိုမပေးချင်တာအမှန်။ အတင်းအကြပ်နဲ့ ရည်းစားဦးနေရာကိုယူသွားပြီးသည်ဖြစ်တဲ့တိုင်အောင် ပထမဆုံးအနမ်းကိုတော့ ထပ်ပြီး ပတ်ဆောင်းဟွန်းကိုမပေးနိုင်တော့ပါ။ ထိုသည်ကြောင့် ဂျယ်ယွန်းက ပေါက်ကွဲထွက်နေတဲ့စိတ်အပိုင်းအစလေးတွေကို ထိန်းချုပ်လိုက်ရပါသည်။

Behind The Blue // SungJakeWhere stories live. Discover now