Synopsis

11.3K 340 0
                                    

Unicode

Hot topic : ဝမ်းလိနဲ့ စုန့်ယန်မှာ ဘာကြောင့် Cp ပရိသတ်တွေ အများကြီးရှိနေရတာလဲ

မူလပို့စ်တင်သူ ရေးသားချက်: သူတို့က နှစ်နှစ်ကြာအောင် လက်ထပ်ထားတာ သိသာပေမယ့် သူတို့က ရုပ်ရှင်၊ ဇာတ်လမ်းတွေမှာ ပူးပေါင်းမှုမရှိသလို ရသစုံရှိုးတွေမှာလည်း အတူမတွေ့ရဘူး ဆိုရှယ်မီဒီယာပေါ်မှာ အဆက်အသွယ်လုပ်တာတောင် မတွေ့ရဘူး အနုပညာအသိုင်းအဝိုင်းက သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြသလို သရုပ်ဆောင်ဖို့ကိုတောင် ပျင်းနေကြတဲ့ စာချုပ်နဲ့လက်ထပ်ထားတဲ့ စုံတွဲတွေအဖြစ် လက်ခံထားကြတယ် သူတို့မှာ ဘာလို့ အဲ့သလောက် Cp ပရိသတ်တွေများနေတာလဲဆိုတာ တကယ်အံ့ဩမိတယ် ငါ anti မဟုတ်တာတော့ ကျိန်ဆိုရဲပါတယ်

ကျော်ကြားတဲ့ reply : Cp ပရိသတ်တွေ ငါ့ကို ဝင်ခွင့်ပြုပါ မူလပို့စ်တင်သူအတွက် သုံးသပ်ရရင် သူတို့က တကယ့်ကို ဆက်သွယ်တာမျိုး အများကြီးမရှိဘူး သူတို့ရဲ့ အချိုတွေကို မိုက်ခရိုစကုပ်အောက်ကနေ ရှာရတယ် ဒါပေမယ့်----

1. ရုပ်ရည်သွင်ပြင်အနေနဲ့ဆို သူတို့က နတ်ဘုရားလို မျက်နှာရှိတဲ့ အတွဲပဲ ငါတို့ စွမ်းအားသုံးပါးက လူသစ်လေးတွေဖြစ်တုန်းက တစ်စုံတစ်ယောက်က သူတို့ တူညီတဲ့ဘောင်အတွင်းမှာဆို ဘာနဲ့တူမလဲဆိုပြီး ‌ပြောတာရှိခဲ့တယ် နောက်ပိုင်းမှာ အနုပညာအသိုင်းအဝိုင်းအတွင်း ပုံတစ်ပုံထွက်လာခဲ့တယ်။ အနက်ရောင်ငန်း နဲ့ အဖြူရောင် လရောင်။ ဖျော်‌ဖြေရေးနယ်ပယ်မှာ အလားတူပုဂ္ဂိုလ်အများအပြားဟာ အစားအစာအစားထိုးအဖြစ် လျင်မြန်စွာ ပေါ်ထွက်လာတယ်။

2.ကျော်ကြားမှုအဆင့်သတ်မှတ်ချက်မှာဆိုလည်း သူတို့က ပထမအဆင့်မှာဘဲ နှစ်ယောက်လုံးက အရာရာတိုင်းမှာ ခိုင်မာပြီးသား အိုကေတယ်နော်?

3. အတွင်းလောကမှာ နတ်သမီးလေးတွေ အများကြီးရှိတယ် သူတို့က fanfiction တွေရေးတယ် fanart တွေဆွဲတယ် ဗီဒီယိုတွေ ပုံတွေကို edit တယ် သူတို့က အချိုတွေကို ပေါက်ကွဲထွက်တဲ့အထိ စားကြတယ်။ သူတို့က ဒီ Cp တွင်းထဲကနေ ထွက်ဖို့စဉ်းစားလိုက်တိုင်း ခွဲခွာဖို့ တွန့်ဆုတ်နေကြတယ်

အကျဉ်းချုပ်ရရင် လူတွေဘယ်လောက်များများက သူတို့က အတုယောင်စုံတွဲပါလို့ ပြောနေပါစေ အရေးမကြီးဘူး ငါတို့က သူတို့နှစ်ယောက် ကွာရှင်းချက်မထုတ်သရွေ့ ဒီ Cp ကို ဆက် ship နေဦးမှာဘဲ

Zawgyi








ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Wo Geschichten leben. Entdecke jetzt