Cahpter - 17

2K 153 2
                                    

[Unicode]

အပိုင်း ၁၇။

သူသည် စေတနာလေးဖြင့် သူမအား ​ပေါ့​ပေါ့ပါးပါးပင် ကူညီပေးခဲ့သလိုမျိုးပုံစံဖြင့် ​​အေး​အေး​ဆေး​ဆေးပင် ပြောလာ၏။

သို့သော် ဝမ်းလိသည် တစ်ညတည်းနှင့်ပင် နားလည်သွားသည်။ သူသည် သူမ့အဖေနှင့် ဆက်သွယ်ခဲ့ပြီး တရားဝင် ​ဝေ့​ပေါ်အကောင့်က အတည်ပြုချက်ရယူခဲ့ပြီး ကြေညာချက်တစ်ခုကို ထရေးကာ အခြေအနေကို ရှင်းလင်းလိုက်နိုင်သည်။ ဤစွမ်းဆောင်ရည်သည် ထိပ်တန်း PR အဖွဲ့တစ်ခုနှင့်ပင် နှိုင်းယှဉ်လို့ရနိုင်​ပေသည်။

သူ တစ်ညလုံး ဖုန်းပြောနေတာ အံ့သြစရာမရှိ​တော့​ချေ။

သူသည် သူမ၏စိတ်ကို မစိုးရိမ်ဘဲ ဂရုမစိုက်တတ်သူဖြစ်ကာ သူမအား အချိန်အ​တော်ကြာ စိတ်ဆိုး​စေခဲ့သည်ဟူ၍ နားလည်မှုလွဲခဲ့မိသည်။

မရင့်ကျက်။

ရယ်စရာကောင်း။

ဦးနှောက်မရှိ။

သူမ ရင်ထဲမထိဘူးလို့ ​ပြောလျှင်သည် မှားပေလိမ့်မည်။ ဝမ်းလိသည် ကျေးဇူးတင်ကြောင်း​ပြောတဲ့အခါမှာ မ​တော်သော်လည်း လူတစ်ဦးအနေဖြင့် သူမသည် မယဉ်ကျေးတာမျိုးမဖြစ်ချင်ပေ။ တစ်ယောက်ယောက်က ကူညီသောအခါတွင် ကျေးဇူးတင်ကြောင်းပြောရမည်ပင် မဟုတ်ပါက လူ​တွေက သူမကို ကျေးဇူးကန်းတယ်လို့ ထင်ကြမည်သာ။

အချိန်အတော်ကြာ တွေးတောဆင်ခြင်ပြီးနောက် ရှုံ့တွ​နေတဲ့မျက်ခုံးမွှေး၊ ရှုံ့ပွနေတဲ့ နှာတံနဲ့အတူ နောက်ဆုံးမှာတော့ သူမပါးစပ်ကနေ စကားလုံးနှစ်လုံးကို ဆိုလိုက်၏ “ကျေးဇူးတင်ပါတယ်”

"ရပါတယ်"

ဒီရိုးရှင်းတဲ့စကားလုံးတွေကို သူတို့ပြောတဲ့အခါ အနည်းငယ် မရင်းနှီးပြီး အ​နေရခက်သလို ခံစားရ​၏။

ထပ်ပြောစရာမရှိတော့​ပေ။

သူမက အိပ်ရာမှထပြီး တိုင်ကြားချက်တွေကို အသံသွင်းဖို့ စီစဉ်ထားပေမယ့် အခုတော့ ကိစ္စက ပြေလည်သွားတော့ ဘာမှ ပြောစရာမလိုတော့​ပေ။

နေရောင်ခြည်သည် အခန်း၏ တောက်ပသော ကြမ်းပြင်မှ မျက်နှာကြက်အထိ ပြတင်းပေါက်များမှတဆင့် ဖြာကျ​နေသည်။ ကြယ်မြို့တော်တွင် ရက်အတော်ကြာ မိုးဆက်တိုက်ရွာပြီးနောက် နေမင်းကြီးသည် နောက်ဆုံးတွင် တောက်ပလာကာ လူတို့၏ နှလုံးသားကို နူးညံ့သိမ်မွေ့စွာ နွေးထွေးသွား​စေသည်။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now