Chapter - 28

1.4K 167 1
                                    

[Unicode]

အပိုင်း ၂၈။

လူတိုင်းသည် ဤအနုပညာလောကတွင် နှစ်ပေါင်းများစွာကြာအောင် အနုပညာရှင်ဖြစ်လာခဲ့ရင်း သူမသည်လည်း ညစ်ညမ်းသောအရာများစွာကို မြင်​တွေ့ကြားသိခဲ့ရပြီးပြီပင်။

ကျန်းရွှယ်သည် လုမင်နှင့်သူမ၏ဆက်ဆံရေးကဖရိုဖရဲဖြစ်နေသော ဒီဖျော်ဖြေရေးနယ်ပယ်တွင် ခြွင်းချက်တစ်ခုဖြစ်လာလိမ့်မည်ဟု အမြဲယုံကြည်ထား​၏။ ဒီနေ့မှာဘဲ ဝမ်းလိသည် သူမအား အမှန်တရားကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြသလိုက်သောအခါတွင် သူမသည် မည်မျှ နုံအလွန်း​နေကြောင်း သိရှိလိုက်ရ၏။

သူမတို့နှစ်​​​ယောက်သည် သူတို့၏အသက်မွေးဝမ်းကြောင်းကို စတင်သောအခါက ဒီနယ်ပယ်တွင် သူတို့ကိုယ်ပိုင်နာမည်တစ်ခုရရန် သဘောတူညီချက်ဖြင့် ရုပ်ရှင်ိရုက်ကွင်း​နေရာ​အမျိုးမျိုးကို လှည့်ပတ်သွားလာခဲ့ရင်း ယန်ချန်တွင် အိမ်တစ်လုံး ငှားထားဆဲပင်။

နောက်ပိုင်းတွင် သူတို့နှစ်ဦးသည် နာမည်ကြီးလာခဲ့သည်။

သူတို့သည် ပထမအဆင့်မြို့ကြီးများတွင် အိမ်ခြံမြေအများအပြားပိုင်ဆိုင်ထားပြီး သူတို့သွားလေရာရာ၌ အမြဲအလေးပေးဖော်ပြခံ​နေရသော်လည်း သူတို့၏ ဆက်ဆံရေးမှာ ဤကဲ့သို့ပင် ဆိုးရွားလာခဲ့​​၏။

သူတို့နှစ်​ယောက်...ဝမ်းလိနှင့် ကျန်းရွှယ်တို့သည် သန့်စင်ခန်းအပြင်ဘက်တွင် အသံတိုးတိုးဖြင့် ပြောဆို​နေကြတာဖြစ်ပြီး အတွင်းမှ အသံများ ပိုမိုကျယ်လောင်လာကာ သူတို့၏ အသံများကို တိမ်မြုပ်သွား​​စေ​တော့သည်။

ကျန်းရွှယ်၏ မျက်ရည်များမှာ ပို၍ပို၍ပင် စီးကျလာပြီး ထိုကဲ့သို့​သော နှိပ်စက်ညှဉ်းပန်းမှုအောက်တွင် နောက်ဆုံး​တော့ သူမသည် အော်ဟစ်ကာ ပြေးဝင်သွား၏။

သက်​သေများကို ရိုက်မိထားပြီးဖြစ်သည့်အတွက် ဝမ်းလိသည် သူမကို တားဖို့အစီအစဥ်မရှိသလို ​ဖောက်ပြန်​နေသည့် ယောကျ်ားနှင့် တတိယလူကိုလည်း သင်ခန်းစာ​ပေးဖို့ ရည်ရွယ်ချက်လည်း တစ်စိုးတစ်စိမျှမရှိ။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Onde histórias criam vida. Descubra agora