Chapter - 70

1.5K 113 3
                                    

[Unicode]

အပိုင်း ၇၀။

ရုပ်ရှင်ထဲက အဓိကဇာတ်ကောင်တွေ ဝတ်ဆင်ရမည့် ဝတ်စုံတွေကို အပြီးမသတ်ရသေးပေ။ တရားဝင် အပြီးသတ်ပြီးနောက်တောင် ဒီဇိုင်နာသည် သရုပ်ဆောင်များ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် စိတ်သဘောထားကို ထည့်သွင်းစဉ်းစားကာ ဝတ်စုံများကို ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရမည်ဖြစ်သည်။ တရားဝင်ရိုက်ကူးရေးမစခင်အထိတော့ သရုပ်ဆောင်တွေက သူတို့၏ဝတ်စုံတွေက ဘယ်လိုပုံစံလဲဆိုတာ မသိကြပါ။

ချိုးဖျင်မှ စုန့်ယန်ကို အိမ်သို့ယူသွားခိုင်းသည့် စစ်ဝတ်စုံသည် ပြဇာတ်အဖွဲ့မှ ယာယီငှားရမ်းထားသော ဝတ်စုံဖြစ်သည်။ ထိုဝတ်စုံသည် စင်မြင့်ဝတ်စုံဖြစ်သောကြောင့် ဒီဇိုင်းသည် မီးမောင်းထိုးပြမှုအောက်တွင် အလွန်ကောင်းမွန်သော အမြင်အာရုံကို ပေးစွမ်းနိုင်ရန် ရည်ရွယ်ကာ စင်မြင့်ဆီသို့ ပိုမိုအမှီပြုထားသည်။ ပင်မဒီဇိုင်းသဘောတရားမှာ အလှတရားနှင့် ရုပ်ရည်ကောင်းမွန်ခြင်းပင်။

အနက်ရောင်နှင့် ဖြောင့်မတ်သည့် စစ်ဝတ်စုံသည် ကော်လာနှင့် လက်မောင်းများတွင် ဖြောင့်စင်းသော ချုပ်ရိုးများရှိသည်။ တောက်ပသော ကြယ်သီးများကို ညှပ်ရိုးအနီး ထိပ်တွင် အပြစ်အနာဆာကင်းစွာ ချည်နှောင်ထားသည်။ ပခုံးကို သတ္တုငွေရောင်ပန်းဖွားများဖြင့် တန်ဆာဆင်ထားပြီး ခါးအောက်ပိုင်းတွင် အဝတ်အောက်တွင် ရစ်ပတ်ထားသည့် တင်းမာသောကြွက်သားများကို ထင်ရှားစေသည့် ရှည်လျားဖြောင့်တန်းသော ခြေတံရှည်များရှိ၏။

ရသစုံရှိုးတုန်းက ၀တ်သည့် စစ်ဝတ်စုံထက်တောင် ပိုခမ်းနားပါသေးသည်။

သူမ၏သာမန်ကာလျှံကာ ပြောလိုက်သည့်စကားသည် စုန့်ယန်အား အမှန်တကယ် စစ်ဝတ်စုံအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ဝမ်းလိ မထင်ထားခဲ့ပေ။

ဓားနှင့်တူသော မျက်ခုံးမွှေးနှင့် တောက်ပသော စိတ်ထားဖြင့် စုန့်ယန်သည် စစ်ယူနီဖောင်းဝတ်ထားသည်မှာ အလွန်သင့်လျော်လှသည်။ အကယ်၍ စုန့်ယန်သည် audition အတွင်း ဤဝတ်စုံကို ဝတ်ဆင်ခဲ့မည်ဆိုပါက သူသည် ဇာတ်ကောင်ထဲသို့ ပိုမိုနစ်မြုပ်သွားပြီး ပိုကောင်းကောင်းတင်ဆက်နိုင်မည်ဟု ဝမ်းလိ အာမခံရဲပါသည်။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now