Chapter - 58

1.3K 128 2
                                    

[Unicode]

အပိုင်း ၅၈။

သို့သော် ဝမ်ဝမ် အတွေးလွန်​နေသည်သာ။

ဝမ်းလိသည် လက်ရှိတွင် စုန့်ယန်နှင့် ​လေ့ကျင့်နေသော်​တောင်မှ အလုပ်နှင့် ကိုယ်ရေးကိုယ်တာကိစ္စများကို ရှင်းရှင်းလင်းလင်း ခွဲခြားထား၏။

ဤရုပ်ရှင်မှ ရှုပ်ထွေးပွေလီပြီး နားလည်ရခက်သော နိုင်ငံရေးဇာတ်ကွက်များသည် ပြည်တွင်းရုပ်ရှင်ဈေးကွက်တွင် အလယ်အလတ်စွမ်းဆောင်ရည်ရှိရန် ရည်မှန်းထားသည်။ သို့သော် ယင်း၏ကောင်းမွန်သောဇာတ်ညွှန်းနှင့် သပ်ရပ်သောဝတ်စုံဒီဇိုင်းတို့ဖြင့် ရုံတင်ပြသသည့်နှစ်တွင် ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ပါ ထူးထူးခြားခြား ချီးကျူးမှုများ ရရှိခဲ့သည်။

ပရိသတ်ဆီသို့ ရုပ်ရည်နှင့် အလှအပဖြစ်စေသော ​ရှေး​ခေတ်ရုပ်ရှင်ကို ဖန်တီးလိုပါက ခေတ်မီရုပ်ရှင်များထက် အားစိုက်ထုတ်မှုနှင့် အရင်းအမြစ်များစွာ ပိုလိုအပ်ပါသည်။ အကောင်းဆုံး အနုပညာလမ်းညွှန်မှုနှင့် အကောင်းဆုံးဝတ်စုံဒီဇိုင်းဆုများကို လွယ်လွယ်ကူကူ ဆွတ်ခူးနိုင်မည်မဟုတ်​ပေ။ မင်မင်းဆက်၏ ​စေ့စပ်သည့်ပုံ​ဖော်မှု၏ ခမ်းနားမှုနှင့် ဇာတ်ဝင်ခန်းထဲမှ အစိမ်းရောင်ကြွေပြားများနှင့် အနီရောင်နံရံတိုင်းဖြင့် ပတ်ဝန်းကျင်သည် သမိုင်း၏လွှမ်းမိုးမှုကို ကိုယ်စားပြု​နေသည်။

သရုပ်ဆောင်တွေ ဝတ်ဆင်ထားသည့် ဝတ်စုံတွေကိုတောင် အဲဒီခေတ်၏ စစ်မှန်​သောခမ်းနားမှုကို ရောင်ပြန်ဟပ်ဖို့ဖန်တီးထားသည်ပင်။

ဒီလိုဇာတ်ညွှန်းနှင့် နောက်ကွယ်အဖွဲ့ကို ဘယ်မသရုပ်​ဆောင်ကမှ တွန်းလှန်လို့မရနိုင်​ပေ။ ဒီလိုရုပ်ရှင်မှာ ပါဝင်ရဖို့ ကိုယ်လိုချင်သည့် အလုပ်အကိုင်ကို လိုက်သည့်သူတိုင်းက အသေးအဖွဲပဲဖြစ်ဖြစ် အဓိကအခန်းကဏ္ဍမှာပဲဖြစ်ဖြစ် မည်သည့်​နေရာကမဆို ပါဝင်ချင်ကြ၏။

ယွိ​​ဝေကွမ်း၏ရုပ်ရှင်ကို ကြည့်ပြီးနောက် ဝမ်းလိသည် ချိုးဖျင်၏ [​ရေခဲမြို့​တော်]အတွက် ပိုမိုစိတ်လှုပ်ရှားလာသည်။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now