Chapter - 88

1.2K 121 1
                                    

[Unicode]

အပိုင်း ၈၈။

ဝမ်းရှင်းယီသည် ခဏတာ တိတ်ဆိတ်နေ၏။

နှစ်ဖက်လုံးဆံပင်​တွေဖြူ​နေသည့် ခုနစ်ဆယ်ကျော်အရွယ်ရှိ အဘိုးကြီးသည် သေးငယ်သောဝေဒနာများကြောင့် ယခုအခါ အနည်းငယ် ပေါ့ပါးပုံ​ပေါ်​နေ​သော်လည်း ယခင်က ထက်မြက်ပြီး စိတ်အားထက်သန်သောအသွင်အပြင်ရှိခဲ့သည်။ သူဘာ​တွေ​တွေး​နေမှန်းမသိ​သော်လည်း ရုတ်တရက်​ပြောလာသည် "ငါတို့ ဝမ်းမိသားစုမှာ မိန်းကလေးဆိုလို့တစ်ယောက်ပဲရှိ​တော့တာ"

ထို့ကြောင့် မိသားစုတစ်စုလုံးက သူမအား ချစ်ခင်မြတ်နိုးကြောင်း ပြသသည့်နည်းလမ်းမှာ သူမ၏အသက်မွေးဝမ်းကြောင်းနှင့် အိမ်ထောင်ရေးအပါအဝင် သူမ၏ဘဝအတွက် အရာအားလုံးကို စီစဉ်ပေး​ထား​သော​ကြောင့် သူမသည် အရာတစ်ခုအတွက်​တောင် ပူပန်နေစရာမလိုပေ။

သို့သော် သူတို့၏မြေးမလေးသည် ပုန်ကန်တတ်သည်။ သူမ၏အသက်မွေးဝမ်းကြောင်းပဲဖြစ်ဖြစ် အိမ်ထောင်ရေးပဲဖြစ်ဖြစ်၊ လူကြီးတွေက ကောင်းတယ်လို့ ယူဆသည့်အရာမှန်သမျှကို သူမ မကြိုက်​ပေ။

သူမ့အမေနှင့် အဖွားလိုပင်။

ဝမ်းမိသားစုမှ အမျိုးသမီးများသည် ခေါင်းမာပြီး အ​လျှော့မ​ပေးတတ်ကြပြီး ထိုကိစ္စကို မည်သူမျှ မတတ်နိုင်ပေ။

ကွယ်လွန်သွား​သော ဇနီးနှင့်သမီးကို သတိရသောအခါ ဝမ်းရှင်းယီ၏အကြည့်များမှာ ပျော့ပြောင်းလာပြီး သူ့လေသံမှာ အလိုလိုနူးညံ့လာသည်။

"အဲဒီတုန်းက မင်းရဲ့မိဘတွေ ဒေဝါလီခံရတာကို ငါတာဝန်မယူခဲ့ပေမယ့် လူ့ခံစားချက်အရတော့ ငါတကယ်မသင့်​လျော်ပြုမူခဲ့မိတာဘဲ"

ဒါကို ဝမ်းရှင်းယီက ဝန်ခံခဲ့၏။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ စုန့်ယန်၏မိဘတွေနှင့် ကောင်းမွန်စွာဆက်ဆံခဲ့ပြီး သားသမီးတွေကြား လက်ထပ်ဖို့တောင် သဘောတူခဲ့​သေးသည်။

သူက စုန့်ယန်၏မိဘတွေကို တကယ်ပဲ နာကျင်စေခဲ့၏။

သို့သော် ထိုသည် သူနှင့် စုန့်ယန်၏မိဘများကြားမှ အတိတ်ကိစ္စသာဖြစ်ပြီး ဝမ်းလိနှင့် ဘာမှမဆိုင်ပေ။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now