Chapter - 36

1.4K 136 2
                                    

[Unicode]

အပိုင်း ၃၆။

စုန့်ယန်သည် သူမက သူ၏ထူးခြားဆန်းကြယ်သော ဝါသနာကို ထုတ်ဖော်လိုက်မည်ကို လုံးဝစိုးရိမ်ခြင်းမရှိပဲ သူမကို အေးအေးဆေးဆေး ကြည့်နေသည်။

"ဝတ်လစ်--"

အလိုလို မ​ရေမ​ရောထွက်လာပြီးနောက် သူမသည် ကားထဲတွင် လူများစွာ ရှိနေ​သေးကြောင်း အမှတ်ရလိုက်မိသည်။ လူတွေ၏ တုံ့ပြန်မှုက မြန်သလို နှေးလည်း​နှေး၏။ ဤအခိုက်အတန့်တွင် သူမ၏ ဦးနှောက်နှင့် အာရုံကြောများသည် ထပ်တူကျခြင်းမရှိသဖြင့် ဝမ်းလိသည် သူမ၏လျှာကို ပြင်းပြင်းထန်ထန် ကိုက်လိုက်မိသွားသည်။

သူမသည် ပါးစပ်ကို နာကျင်စွာ ဖုံးထားရင်း သူမ၏ မျက်နှာအသွင်အပြင်မှာ အကြိမ်အနည်းငယ် အော်ဟစ်ရင်း ရှုံ့မဲ့နေ၏။

စုန့်ယန်က ခေါင်းငုံ့ကာ သူမကိုကြည့်လာပြီး ရှုပ်​ထွေး​နေ​သော်လည်း ရယ်ချင်နေသည့် မျက်နှာ​ပေးဖြင့် "မင်း စကားပြောလို့ရသေးရဲ့လား?"

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမ၏လျှာဖျားမှာ နာကျင်မှု သက်သာသွားပြီး သွေးလည်းမထွက်​တော့ပေ။ ဝမ်းလိသည် သူမ၏ပါးစပ်ကိုပိတ်ကာ ခေါင်းယမ်းလိုက်ပြီး သူမအဆင်​ပြေကြောင်း အချက်ပြလိုက်သည်။

ဝန်ထမ်းတွေက သူမကို စူးစူးစိုက်စိုက် ကြည့်နေကြ၏။

ဝမ်းလိက အေးအေးဆေးဆေး ပုံပြင်တစ်ပုဒ်ကို ပြုကာ "လျှာချော်သွားလို့၊ ကြမ်းတိုက်တဲ့အကကို ​ပြောတာ"

ဝန်ထမ်းအားလုံးက သူမကို 'မင်းကိုယ်မင်း ဉာဏ်​ကောင်းတယ် ထင်​နေလား' ဟူသည့် အမူအရာဖြင့် ကြည့်လာကြပြန်သည်။

သူမ၏ လက်ခံနိုင်ဖွယ်မရှိ​သော အကြောင်းပြချက်ကြောင့် လေထုသည် အဆင်မပြေဖြစ်လာပြီး ဝမ်းလိသည် သတိမမူမိစွာ သူမဆံပင်များကို ကုတ်လိုက်ပြီး သူမအကြည့်များက ဟို​ယောင်​ယောင် သည်​ယောင်​ယောင် ဖြစ်​နေသည်။ သူမသည် ​ခေါင်း​​နောက်​စောင်းကာ ထိုင်ခုံကို မှီလိုက်၏။

"ကျွန်မ နည်းနည်း ပင်ပန်းနေပြီ၊ တစ်ရေးတစ်မော အိပ်လိုက်ဦးမယ်"

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Donde viven las historias. Descúbrelo ahora