Chapter - 80

1.2K 125 1
                                    

[Unicode]

အပိုင်း ၈၀။

"ဘာလို့ ဘာမှမပြောတော့တာလဲ?" စုန့်ယန်က မေးလိုက်သည်။

ဝမ်းလိသည် သူ၏ယခင်အဖြေကို မကျေမနပ်ဖြစ်ခဲ့သော်လည်း ယခုတွင် သူကစိတ်အားထက်သန်လာသဖြင့် သူမ မကိုင်တွယ်နိုင်တော့ပေ။

သူတို့ အတိတ်က စကားပြောဆိုမှုနည်းသောကြောင့် ဖြစ်နိုင်သည်၊ စုန့်ယန်သည် သူမနှင့် ဆက်သွယ်ခြင်းအနုပညာကို မကျွမ်းကျင်သေးကြောင်း ဝမ်းလိခံစားနေရသည်။

သူ ယဉ်ကျေးသောအခါတွင် အလွန်ယဉ်ကျေးပြီး ရိုင်းပြသောအခါတွင်လည်း အလွန်ရိုင်းလာတတ်သည်။ ဟုတ်တာပေါ့၊ သူဘယ်လိုအလွန်အမင်းပုံစံဖြစ်နေပါစေ သူမ လက်ခံရမည်သာ....

...သူက ချောမောနေသည်ပင်။

ဝမ်းလိက မထီမဲ့မြင်ဟန်ပြုကာ "ရှင်ပြောင်းလဲသွားပြီ"

"ဘယ်လိုပြောင်းတာလဲ?" စုန့်ယန်က မေးလိုက်သည်။

ဝမ်းလိက နှုတ်ခမ်းကို ကိုက်လိုက်ပြီး "ရှင် ပိုပြီးပရောပရည်လုပ်လာတယ်"

တစ်ဖက်တွင် တခဏမျှတိတ်ဆိတ်သွားပြီး စုန့်ယန်၏လေသံက ပြုံးရွှင်နေကာ "မင်းကြိုက်လား?"

"ကျွန်မကြိုက်တာ၊မကြိုက်တာက အရေးမကြီးပါဘူး" ဝမ်းလိက အနေရခက်စွာဖြင့် "ရှင့်ပါးစပ်က ရှင့်မျက်နှာပေါ်မှာပဲ ရှိနေတာဆိုတော့ ရှင်ပြောချင်တာပြောပေါ့"

စုန့်ယန်က "မိန်းမစကားကို နားထောင်မယ်" ဟူသောလေသံဖြင့် ပေါ့ပေါ့ပါးပါးနှင့် "ကိုယ်က မင်းကြားဖို့အတွက် ပြောနေတာလေ၊ မင်းမကြိုက်ရင် ကိုယ်မပြောတော့ဘူး"

ဝမ်းလိသည် ကားကန့်လန့်ကာကို မလိုက်ပြီး ပတ်ပတ်လည်ကြည့်လိုက်သည်။ သူမ ပါးစပ်ကိုအုပ်ပြီး အသံတိုးတိုးလေးဖြင့် ဖုန်းထဲကလူကို ပြင်းပြင်းထန်ထန်ပြောလိုက်သည် “ဘယ်လိုယောကျ်ားအစစ်မျိုးက စကားဘယ်လိုပြောရမလဲဆိုတာကိုပဲ သိတာလဲ?၊ အပြောပဲ အလုပ်ကျမရှိဘူး၊ ရှင်ပြန်လာလို့ သုံးရက်သုံးညကြာအောင် မလုပ်နိုင်ရင် ကျွန်မ ဝေ့ပေါ်မှာပို့စ်တင်ပြီး ရှင်က မစွမ်းဆောင်နိုင်ဘူးလို့ တစ်တိုင်းပြည်လုံးကို ပြောပစ်မယ်!"

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now